"တစ်ယောက်ထဲလည်း ရပ်တည်နိုင်ရမယ် သမီးငယ်။ နင်လုပ်နိုင်တာ ငါသိတယ်။"
ငယ့်လက်မောင်းနှစ်ဖက်ကို တင်းကျပ်စွာဆုပ်ကိုင်လာပြီး ပြောလာသည့် သူ့မျက်ဝန်းညိုညိုတွေရဲ့ ခိုင်မာမှုကြောင့် ငယ်သည် နေရာမှာတင်လူစားထိုးခံလိုက်ရသကဲ့သို့ဖြစ်သွားကာ...
"နင် အိမ်မှာပဲနေမှာမလား။""အင်း...နင်ပြန်လာရင် အအေးဖျော်တိုက်ဖို့ အိမ်မှာစောင့်နေမယ်။ ပိုက်ဆံတွေအများကြီးရှာခဲ့ ကြားလား..."
"အွန်းး...."
သူ့အပြောကြောင့် ငယ့်မှာ မျက်နှာမချိုမချဥ်ဖြစ်သွားရပြီး သူကိုယ်တိုင်ကလည်းသူ့ပြောကိုသူ ရယ်ချင်နေပုံရသည်။ ပြီးတော့လည်း ပြောပြီးမှ သူရှက်သွားလို့ဖြစ်နိုင်သည်။ ငယ့်ခန္ဓာကိုယ်ကို လှည့်လည်ပြီး သူ့အားကျောခိုင်းသွားစေပြီးချက်ချင်းမှာပဲ...
"သွားတော့.." ဟု ဆိုတော့သည်။ဒီအခြေအနေမှာ ငယ်ကိုယ်တိုင်လည်း သူ့ကိုပြန်လှည့်ကြည့်မိရင် ဝါးလုံးကွဲမတတ်ရယ်ချမိမှာမို့ တည်တည်တံ့တံ့နဲ့ ဆိပ်ကမ်းကိုသွားနိုင်ဖို့အတွက် သူလှည့်ပေးထားသည့်အတိုင်း တန်းတန်းမတ်မတ်ပင် လျှောက်လာခဲ့လိုက်သည်။
ပေါ်တီကိုအောက်မှာ ကားရပ်ထားသည့်ကိုမှိုင်းက ငယ့်ကိုမြင်သည့် ချက်ချင်းမှာပဲ ကားတံခါးကို အသင့်ဖွင့်ပေးထားသည်မို့ ငယ်သည် ငြိမ့်ခနဲဆိုသလိုနှင့် အိမ်ကနေထွက်လာခဲ့နိုင်သည်။
"နောက်သုံးရက်နေရင် ရှယ်ယာရှင်အစည်အဝေး စ,ဖို့ပြင်ဆင်ထားပါတယ် မမလေး။ ဒီနေ့အတွက်ကတော့ ဝန်ထမ်းအိမ်ရာကို အရင်ဆုံးသွားဖို့အကြံပြုချင်ပါတယ်။ သူဌေးဆုံးသွားပြီးနောက်မှာ ဝန်ထမ်းတွေကမမလေးကို အများကြီးမျှော်လင့်နေကြပါတယ်။ မမလေးရဲ့ ကောင်းမွန်တဲ့ပုံရိပ်တွေကို ချပြပေးလိုက်ပါ။ ဒီလိုဆို သူတို့က မမလေးဘက်ကိုအလိုလိုရောက်လာပါလိမ့်မယ်"
"ဒါဆိုလည်း အဲ့လိုပဲလုပ်တာပေါ့။ ကိုမှိုင်းကိုပဲ ယုံကြည်ထားလို့ရတယ်မလား။"
"ဟုတ်ကဲ့..."
"ထည်ဝါ့ဆီကို လုံးဝပြန်မသွားတော့ဘူးမလား။ ဘယ်လိုလုပ်ပြီး ငယ့်ဆီ ရောက်လာတာလဲဟင်"
YOU ARE READING
အချစ်ဦး (Completed)