အပိုင်း (၁၈)

Start from the beginning
                                    

"မရဘူး...နင် သွားကိုက်မယ်။"

"အယ် ငါကနင့်မာမီလို အချိုတွေအရမ်းကြိုက်တာမှမဟုတ်တာ။ ဒီနို့အရသာ ညှီစိမ့်စိမ့်ကြီးကို မခံစားနိုင်လို့ သကြားလေးနည်းနည်းပဲထည့်ပေးဖို့ပြောတာ။"

"အရစ်တွေမရှည်နဲ့။ မြန်မြန်သောက်တော့...
ကိုမှိုင်းစောင့်နေတယ်။"

ခပ်ပြတ်ပြတ်သူ့အပြောကြောင့် သူ့ကိုမျက်စောင်းထိုးရင်း ကျန်ရှိသောနွားနို့ကို အတင်းမော့သောက်မြိုချလိုက်သည်။

"ရော့....." ဆိုသော အသံနှင့်အတူ ငယ်နှုတ်ခမ်းညာဘက်အစွန်းကိုရောက်ရှိလာသည့် လက်ကိုင်ပဝါလေးကြောင့် နီးကပ်လာတဲ့အနေအထားမှာ ငယ်သူ့ကိုကြည့်လိုက်သည်။

ဒီနေ့မှာလည်း သူဟာအရင်နေ့တွေလိုပဲ ကျောလယ်လောက်ရှိသည်သူ့ဆံတွေကို ငယ့်ဆံညှပ်ဖြင့် ညှပ်တွယ်ထားတာဖြစ်သည်။ သူဝတ်နေကျ စွပ်ကျယ်နှင့် ဂျင်းဖက်သောဘောင်းဘီအတိုနှင့်ပဲရှိနေသေးသည်မို့....။
"နင်...နင် မလိုက်ဘူးလား။" ဟု အလန့်တကြားနဲ့ပဲမေးလိုက်မိသည်။

သမီးငယ်၏နှုတ်ခမ်းအစွန်းနှစ်ဖက်ကို နှုတ်ခမ်းနီပျက်မသွားအောင် သေချာသုတ်ပေးနေရင်းမှ သမီးငယ်ကရုတ်တရပ်ကြီး မတ်တပ်ရပ်သွားသည်မို့ လေပူတချို့ကိုမှုတ်ထုတ်လိုက်ရင်း လက်ကိုင်ပဝါကို စားပွဲမှာ တင်ချထားလိုက်သည်။

"နင်မလိုက်ရင် ငါမသွားဘူးနော်......။ "

ထမင်းစားခန်းဆီကနေ ပြေးထွက်ဖို့လုပ်တော့မည့် သမီးငယ်၏လက်မောင်းကို သူဆွဲထားလိုက်ရင်း သူကိုယ်တိုင်လည်း ထိုင်ခုံကနေထ,ရပ်ကာ သမီးငယ်၏ကိုယ်သေးသေးလေးကို ရင်ခွင်ထဲထည့်ထားလိုက်တော့သည်။

"ငါ..ငါ မလုပ်ချင်တော့ဘူး။ မသွားတော့ဘူး..."

ငြင်းဆန်နေသူ၏ ဦးခေါင်းလေးကို လက်ဖြင့်ခပ်ဖွဖွပွတ်ပေးရင်း သမီးငယ်ကို ရင်ခွင်ထဲကနေ ဖယ်ခွာစေကာ ကုမ္ပဏီသွားဖို့ ပြင်ထားဆင်ထားသော မျက်နှာလေးကို ခေါင်းအနည်းငယ်ညွှတ်ချ၍ အသေအချာကြည့်မိသည်။

သူ့ဘက်က စိုက်ကြည့်နေသည်ကြောင့် သမီးငယ်က မျက်ဆံလေးတွေ ဘယ်ညာ ထောင့်ဘက်သို့ကပ်သွားရင်းဖြင့် သူ့ထံကို မဝံ့မရဲလေးပြန်ကြည့်နေပေသည်။

အချစ်ဦး (Completed)Where stories live. Discover now