"ခွေး...ခွေးကောင်"

"ဟုတ်တယ် ဒီခွေးကောင်ကိုထိုးဖို့မသေနဲ့အုံး နှင်းယုနင်ဟိုဘက်ကတွဲ ဒယ်ဒီကြီးကိုဆေးရုံပို့ရမယ်"

"အင်း"

ဒယ်ဒီကြီးအားတစ်ဖက်ဆီတွဲကာကားဆီသို့ခေါ်လာတော့ရောင်နီတို့ကလဲကားတစ်စီးနဲ့အဆင်သင့်စောင့်နေသည်။

"ရာဇာ ဒီနေ့မင်းမင်္ဂလာဆောင်မလား မင်းချစ်သူမင်းကိုစောင့်နေလိမ့်မယ် သွားတော့"

"ဖြစ်ပါ့မလား ဒယ်ဒီကြီး"

"ဖြစ်တယ်ရာဇာ နင်သွားလိုက်ပါ ငါပဲဒယ်ဒီကြီးကိုဆေးရုံလိုက်ပို့လိုက်မယ် အချိန်လဲမစောတော့ဘူး သူနင့်ကိုစိတ်ပူနေလိမ့်မယ်"

"အေးပါ ဒါဆို ငါစိတ်ချမယ်နော်"

ရာဇာကရောင်နီကားပေါ်တက်သွားတာနှင်းယုကတခြားကားတစ်စီးနဲ့ဆေးရုံကိုမောင်းသွားတော့သည်။

>>>>>

"မောင်တစ်ယောက်ဘယ်ရောက်သွားတာလဲမသိဘူး"

"ကိုကိုရောပဲပါးပါး 10နာရီခွဲနေပီ ပြန်မလာသေးဘူး"

"နေအုံး ပါးပါးဖုန်းခေါ်..."

"ပါးပါးဟိုမှာဒယ်ဒီနဲ့ကိုကို!"

ခြံထဲဝင်လာတဲ့ကားထဲမှရောင်နီတို့ဆင်းလာသည်။လမ်းမှာပဲတစ်ခါထဲအဝတ်စားပြန်လဲလာကြသည်။မဟုတ်ရင်ချစ်ရသူလေးတေစိတ်ပူနေမှာမလိုလားပေ။

"မောင်ဘယ်သွားနေတာလဲ အဝတ်စားတေပါ လဲလာတယ်"

"အယ် ကိုကိုနဲ့ဒယ်ဒီကဆင်တူလေးဝတ်ထားတာပဲ"

"ဟုတ်တယ်အသက် ကိုယ်တို့ငြိမ်းချမ်းရေးယူတဲ့အထိန်းမှတ်နဲ့ဆင်တူလေးသွားပြန်လဲလိုက်ကြတာ ဘယ်လိုလဲကိုယ်တို့မိုက်တယ်မလား"

"အရမ်းမိုက်တယ် ဟိဟိ"

"အရုပ်လေး မောင်ကသူ့ထက်ပိုချောတယ်မလား"

"ကိုကိုကပိုချောတာမလား အသက်"

"ဟေ့ကောင်!ငါကပိုခန့်တာ"

"ကျနော်ကပိုကြည့်ကောင်းတာ!"

"တော်တော့နှစ်ယောက်လုံး!!ပြောတော့တည့်ပီဆို ကိုက်တာကကိုက်တာပဲ လာ စကားမများနဲ့တော့ပွဲချိန်နီးနေပီသွားကြမယ်"

Love System (Completed)Where stories live. Discover now