မိုးဒီပ(Arc -7.6)⚠

9.9K 715 10
                                    

<Unicode>
"ကိုကိုသိလား ရန်နိုင်ကလေ ကျနော့်ကိုပဲချစ်တာတဲ့"

"အော်"

"ကျနော့်လက်ကိုလဲလာကိုင်သေးတယ်"

"....."

"အဲ့အချိန်ဘယ်လိုခံစားရလဲဆိုတော့ အင့်!"

ဒီပကိုယ်လေးပွေ့ချီခံလိုက်ရတာကုတင်ပေါ်ပစ်တင်ခံလိုက်ရတော့သည်။မှောက်ယက်လေးဖြစ်နေတဲ့ဒီပပေါ်ကိုရှိုင်းကထပ်လျက်အိပ်ကာဒီပဂုတ်သားလေးကိုမျက်နှာအပ်ပီးလေတေကိုတရှူးရှူးမှုတ်ထုတ်နေသည်။

"ရွံ့တယ်သိလား"

ရှိုင်းအပြုမူတေရပ်တန့်သွားကာအသက်အောင့်လိုက်တာကိုပါခံစားလိုက်ရသည်။

"...."

"အဲ့တုန်းကသူကျနော့်လက်ကိုထိလိုက်တာကိုအရမ်းရွံ့တယ်"

ထောက်ထားတဲ့ရှိုင်းရဲ့လက်ဖမိုးကိုနမ်းလိုက်ပီးပက်လက်လှန်ကာရှိင်းမျက်နှာကိုကြည့်လိုက်တော့ခက်ထန်တဲ့မျက်နှာနဲ့ဝမ်းနည်းကာမျက်ရည်ဝဲနေတဲ့မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရသည်။

"ကိုကို အသက်ကိုချစ်လားဟင်"

"အရမ်းချစ်တာ"

ချက်ချင်းဖြေလာတဲ့အဖြေကြောင့်ကျေနပ်စွာပြုံးလိုက်သည်။

"အသက်လေ အရမ်းမုန်းတယ်"

"....."

"သူတို့နှစ်ယောက်ကို"

"ကိုယ့်ကိုရော"

ဒီပမျက်နှာပေါ်ကိုရှိုင်းရဲ့မျက်ရည်ကတောက်ကနဲကျလာသည်။ဒီပထိုမျက်ရည်ကိုလက်နဲ့သပ်ယူကာထိုလက်ကိုလျှာလေးနဲ့လျက်လိုက်ပီး...

"ရူးလောက်အောင်ချစ်တယ်"

"ဟင့်!"

ထိုအခါမှငိုချလာတဲ့ရှိုင်းကြောင့်အသံထွက်သည်အထိရယ်လိုက်မိတော့သည်။သူငိုတာအရမ်းရှားတယ်အခုလိုဝမ်းနည်းပက်လက်ငိုတာပထမဆုံးပဲ သူစတာလွန်သွားပီ။

"ကိုယ်ထင်တာက..."

"ကိုကို့ကိုထားခဲ့ပီးဟိုကောင်နဲ့ပြန်လိုက်သွားချင်တာလို့လား"

"အင်း"

"အသက်က ကိုကို့အပိုင်လေ အသက်ထွက်သွားရင်ကိုကိုကလက်လွတ်ပေးမလို့လားပြော"

Love System (Completed)Where stories live. Discover now