အလင်း(Arc -1.2)

12.1K 978 25
                                    

<Unicode>
ဒီနေ့မေမေနဲ့ဖေဖေကစစ်သွေးအားထမင်းစားရန်ဖိတ်စေတာကြောင့်အလင်းဖုန်းဆက်ကာလှမ်းဖိတ်လိုက်ရသည်။

တီ တီ

အပြင်ဘက်မှကားသံကြောင့်စစ်သွေးရောက်လာပီမှန်းသိတာကြောင့်ထွက်ကြိုလိုက်သည်။

"ကိုကို"

"အသက် ကိုကိုနောက်ကျသွားလား"

"ဟင့်အင်း အချိန်ကွက်တိပဲ လာမေမေတို့အထဲမှာရှိတယ်"

"အင်း"

အိမ်ထဲသို့ဝင်လိုက်တော့ဧည့်ခန်းမှာထိုင်နေတဲ့ဖေဖေနဲ့မေမေကသူတို့လာတာတွေ့တော့ပြုံးပြလာသည်။

"ဖေဖေ မေမေ သူကစစ်သွေးတဲ့သားရဲ့ချစ်သူပါ"

"တွေ့ရတာဝမ်းသာပါတယ် အန်တီနဲ့အန်ကယ်"

"အေး အေး သားပြောပြထားလို့မောင်စစ်သွေးရဲ့အကြောင်းကိုသိထားပီးပါပီ အန်ကယ်တို့ကလဲတွေ့ရတာဝမ်းသာပါတယ် လာ လာ ထမင်းစားရင်းပြောကြတာပေါ့ အန်ကယ့်သမီးကြီးက မောင်စစ်သွေးလာမယ်ဆိုလို့မနက်ကတည်းကမီးဖိုထဲမှာသူကိုယ်တိုင်ချက်ပြုတ်နေတာ"

"ဟုတ်ကဲ့ဗျ"

အလင်းတို့ထမင်းစားခန်းထဲဝင်လိုက်ကာအသီးသီးနေရာယူလိုက်သည်။စစ်သွေးကအလင်းနဲ့မျက်နှာချင်းဆိုင်ထိုင်နေပီးသက်ထားကတေယ့အလင်းဘေးမှာထိုင်နေသည်။အဖေနဲ့အမေကစားပွဲရဲ့ထိပ်ဆုံးမှာနေရာယူထားကြသည်။

"မောင်စစ်သွေး ဒါကအန်တီတို့ရဲ့သမီးကြီးသက်ထားတဲ့"

"တွေ့ကတာဝမ်းသာပါတယ်မသက်ထား"

"အမလဲဝမ်းသာပါတယ် ဒီကငါ့မောင်ဘာကြိုက်တတ်မှန်းမသိတော့ အဆင်ပြေတာပဲချက်ထားပေးတာ စားလို့ဖြစ်ရဲ့လား"

"ရပါတယ် ကျနော်ကဘာဖြစ်ဖြစ်အဆင်ပြေပါတယ်"

"လင်း ဒီမှာလင်းကြိုက်တဲ့ပုဇွန်ဆီပြန်လေးချက်ထားပေးတယ်"

"ကျေးဇူးပါ မမ"

"အဲ့တာသာကြည့်တော့မောင်စစ်သွေးရေ သမီးကြီးကသားငယ်ကိုအရမ်းချစ်တာ နေ့တိုင်းသားငယ်ကြိုက်တာလေးတေကိုချက်ကျွေးလိုက်ရမှ"

Love System (Completed)Where stories live. Discover now