Pimple doesn't make me to love u less (Unicode)

89 5 0
                                        

"Y/N!! ထတော့ နင်လေဆိပ်သွားရဦးမယ်လေ"

အခန်းထဲကစကားသံအကျယ်ကြီးကြောင့်Y/Nအိပ်နေရာကနေနိုးလာခဲ့တယ် လှဲရင်းသူမအမေကိုကြည့်ရင်းဒီစကားပြောလိုက်
တယ်

"အမေ ဘာလို့အော်ပြောနေတာတုန်း"

Y/Nအမေလက်ပိုက်ပြီးသူမအားကြည့်ကာ

"အော်ပြောရမှာပေါ့ညည်းမှမထတာ လေဆိပ်သွားကြိုရမယ့်အချိန်နီးနေပြီလေ"

"အဲဒါ10နာရီမှလေ အခုက7နာရီဘဲရှိသေးတာကို"

သူမစိတ်တိုတိုနဲ့သူမအမေကိုကြည့်ပြီးပြန်ပြောလိုက်
တယ် Y/Nအမေသူမကုတင်နားလျှောက်သွားကာ
သူမအရှေ့ရပ်ရင်းစကားထပ်ပြောလိုက်တယ်

"လေဆိပ်ကိုသွားရတာအကြာကြီး လမ်းပိတ်ရင်ဟိုကိုရောက်ဖို့နောက်ကျဦးမယ်"

"ဘာလို့အဲဒီကိုသွားရမှာလဲ သူ့ဘာသာသူအိမ်ကိုပြန်လာမှာပေါ့"

"မရဘူး သွားဆိုသွားရမယ် ထပြီးပြင်ဆင်တော့"

အပျင်းထူတဲ့သမီးဖြစ်သူကအိပ်ယာထဲကဆွဲထုတ်မှလုပ်စရာရှိတာလုပ်မယ်ဆိုတာသိတော့အမေသူ့သမီးကိုလှဲ
နေရာကနေဆွဲထူပြီးမတ်တပ်ရပ်ခိုင်းလေတယ် သူမလည်းသက်ပြင်းချပြီး

"အင်းပါ ခဏလေးစောင့်တာမဟုတ်ဘူး လောလွန်းတယ်"

ထိုစကားကြားတာနဲ့Y/Nအမေသူမလက်မောင်းကို
မနာအောင်အားမထည့်ဘဲနှစ်ချက်လောက်ရိုက်လိုက်
ပြီးစကားထပ်ပြောလာတယ်

"ဆက်လှဲနေရင်နေဖင်ထိုးတဲ့အထိအဲဒီကထမှာမဟုတ်ဘူးလေ အဲဒါကြောင့်အိပ်ယာကဆွဲထုတ်ရတာပေါ့"

Y/Nအမေပြောတာလည်းမမှားဘူး သူမကအပျင်းထူတက်တယ်
အပျင်းထူလွန်းတာကြောင့်အရေးကြီးကိစ္စတွေလွတ်သွားမှာအမြဲစိုးရိမ်ရတာအခုထိဘဲ

"အမေကလည်းသမီးလုပ်စရာရှိတာလုပ်တဲ့သူပါ အဲဒီလောက်ထိအပျင်းမထူပါဘူး"

Y/Nသူမအမေကိုနှုတ်ခမ်းဆူပြီးပြောလိုက်တယ် သူမအမေနဖူးပေါ်လက်တင်ခေါင်းခါလေတယ် ပြီးတော့သူမအားကြည့်ကာ

"တော်ပြီ အဲဒီကိစ္စနောက်မှဆက်ပြောမယ် အခုသွားပြင်ဆင်တော့ မနက်စာစားပြီးသွားရမယ်"

Pimple doesn't make me to love u less (Unicode) [One Short] {Completed}Stories to obsess over. Discover now