အပိုင်း (၆၄)

257 21 0
                                    

ဘော..

မှော်လက်နက်လား..

တစ်ယောက်ယောက်က ငါ့ကို နန်းတွင်းထဲမှာ တိုက်ခိုက်ရဲမှာကို ဧကရာဇ်ကန်း စိတ်မပူဘူးလားဟ..

တခဏအတွင်းတွင် ချင်ကျင်း၏စိတ်ထဲ၌ အတွေးများစွာဖြတ်ပြေးသွားသည်။ထို့နောက်ချက်ချင်းပင် ငွေနဂါးစိတ်၀ိညာဥ်ပြစ်ဒဏ်ခတ်ခြင်းလှံကို သူထုတ်ယူလိုက်သောအခါ ငွေရောင်လင်းလက်သွားပြီး ဧကရာဇ်ကန်း မျက်လုံးမှိတ်လိုက်ရသည်။

ကျယ်လောင်သောအသံတစ်ချက်နှင့်အတူ..

ချင်ကျင်းတစ်ယောက် ငွေနဂါးစိတ်၀ိညာဥ်ပြစ်ဒဏ်ခတ်ခြင်းလှံကို လက်နှစ်ဘက်ဖြင့် ကိုင်‌ ဆောင်ထားပြီး ဓားရှည်ကို ဖျက်ဆီးပစ်လိုက်သည်ကို မြင်လိုက်ကြရသည်။ ထိုအခါဓားရှည်မှာ မြေပြင်ပေါ်ကိုကျသွားပြီး အပေါက်တစ်ခုဖြစ်ပေါ်သွားသည်။ ဧကရာဇ်ကန်းမှ အံ့အားသင့်စွာဖြင့် ချင်ကျင်း၏ လက်ထဲမှ ငွေနဂါးစိတ်၀ိညာဥ်ပြစ်ဒဏ်ခတ်ခြင်းလှံကို စိုက်ကြည့်လိုက်သည်။

"တကယ့်ကို အစွမ်းထက်တဲ့ လှံရှည်ပဲ"

ဧကရာဇ်ကန်းတွေးလိုက်၏။ သူ၏ဘဝတွင် မရေမတွက်နိုင်သော ရတနာများကို မြင်ဖူးခဲ့သော်လည်း ယင်းကဲ့သို့ တမူထူးခြားသည့် လှံမျိုးကိုမမြင်ခဲ့ဖူးပေ။ ၎င်း၏ အဆင့်မှာ သေချာပေါက်မြင့်မားပေရမည်။

ထိုအချိန်တွင် ဧကရာဇ်ကန်းအား မျက်လုံးနီကြီးများဖြင့် ချင်ကျင်းစိုက်ကြည့်လိုက်သည်။

"ခမည်းတော်... ဒါဘာအဓိပ္ပာယ်လဲ"

ဧကရာဇ်ကန်းအား မယုံကြည်နိုင်သော လေသံမျိုးဖြင့် ချင်ကျင်းမေးလိုက်သည်။ ယခင်ဧကရာဇ်ကန်း၏ သဘောထားမှာ သူ့အပေါ်၌ အလွန်ကောင်းမွန်လေကာ သူ၏ ကမ္ဘာ‌မြေမှ ဖခင်နှင့်မခြားနားပေ။ အဆုံးတွင် သူက ဧကရာဇ်ကန်း၏ သားဖြစ်ကာ ဘုရင်ဘွဲ့ထူးခံဖြစ်သည်။ ဤသို့သောကြောင့် ဧကရာဇ်ကန်းအပေါ်၌ ချင်ကျင်း၏ အထင်အမြင်များ ကောင်းမွန်လျှက်ရှိသည်။

ထို့ကြောင့်လည်း ဤသို့ဖြစ်လာမည်ဟုသူမမျှော်လင့်ထားခဲ့ပါချေ။

ထိုအခါ ဧကရာဇ်ကန်းက လေသံနည်းနည်းမြှင့်ပြီး အောလိုက်သည်:

ဂန္တဝင်စနစ်Where stories live. Discover now