အပိုင်း(၁၆)

344 33 0
                                    

"အခွင့်အရေးကို ငြင်းပယ်တယ်လား"

ချိန်းကျိပြုံးလျက် ပြောလိုက်သည်။ သူ့ပင်ကိုယ်ချီသန့်စင်ခြင်း ပါရမီဟာ သာမာန်ပဲဖြစ်သည်။ ဆေးလုံးအများအပြားကို အသုံးပြုပြီး၊ ဒီအဆင့်ထိရောက်လာခဲ့ပေမယ့် သူ့ဖွဲ့စည်းပုံက အခြား အဆင့်တူ ကျင့်ကြံသူတွေထက် အားနည်းနေသည်။ ချင်ကျင်း နဲ့အခြားသူတွေအကုန် သူ့ထက် ကျင့်ကြံမှုအဆင့်က ပိုမြင့်နေတာကြောင့်၊ ချင်ကျင်း တို့ဘယ်လောက်ကြောက်စရာကောင်းလည်းဆိုတာကို မသိရှိခြင်းဖြစ်သည်။

"သခင်လေး... သူတို့ကိုကြည့်ရတာ စကားနဲ့ပြောလို့ရမယ့်ပုံမပေါ်ဘူး..." ဟု အစေခံတစ်ယောက်က သွေးထိုး‌ ပြောဆိုလိုက်သည်။ ကံမကောင်းစွာနဲ့ ချင်ကျင်းနဲ့အခြားသူတွေရဲ့ ကျင့်ကြံမှု အဆင့်ကို မမြင်ရတာကြောင့်၊ သူတို့ကို သာမန်လူတွေလို့သာထင်နေခြင်း ဖြစ်သည်။

"မိုးပြာယစ်ပုလ္လင်မြို့ ထဲမှာ၊ ဘယ်ကောင်မှ ငါ့ကို စော်ကားလို့မရဘူးကွ" ဟု ချိန်းကျိနှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

ဒီနေ့မှာ မိုးပြာယစ်ပုလ္လင်မြို့တော်ဟာ ချိန်းမိသားစုရဲ့ အာဏာစက်အောက်မှာ သာရှိသည်။ လက်ရှိမြို့အရှင်ဖြစ်တဲ့ ချိန်မိသားစုကိုတောင်မှ၊ သူတို့က ဝါးမျိုပြီးဖြစ်တာကာ၊ အခြားမိသားစုအသေးလေးတွေဆိုရင် ပြောနေစရာကိုမလို‌တော့ချေ။

သူက နောက်တက်မဲ့ မိသားစုခေါင်းဆောင်ဖြစ်တာကြောင့် သူ့ရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းဟာ ချိန်းမိသားစုရဲ့ သဘောထားဖြစ်နေသည်။ ချိန်းမိသားစုရဲ့ အခြေအနေကြောင့် မိုးပြာယစ်ပုလ္လင်မြို့ထဲမှာ သူ့သား မွှေနှောက်နေတာကို ချိန်းကျန်းက လွတ်ထားပေးခဲ့သည်။

ကောင်းကင်လနိုင်ငံမှာ၊ ဒီမိုကရေစီက ကမ္ဘာကလောက်အရေးမပါတာကြောင့်၊ အစွမ်းထက်တဲ့လူတွေရဲ့စကားကိုသာ မှတ်ယူကြသည်။

"မောက်မာလွန်းတယ်"

ချန်ဟောက် ပြုံးလိုက်သည်။ မိုးပြာယစ်ပုလ္လင်မြို့တော်ဟာ ဝိညာဉ်အထူးပြု ဂိုဏ်းရှေ့မှာတော့ ပုရွက်ဆိတ်သာသာပဲ ဖြစ်သည်။ ချန်ဟောက်က အခုတစ်ယောက်ထဲ ဆိုပေမယ့်၊ ဝိညာဉ်အထူးပြုဂိုဏ်းရဲ့ အသရေနဲ့ ချိန်းမိသားစုလို မိသားစုသေးသေးလေးကိုတော့ အလွယ်တကူ အစဖျောက်ပစ်နိုင်သေးသည်။

ဂန္တဝင်စနစ်حيث تعيش القصص. اكتشف الآن