အပိုင်း(၂၆)

324 28 0
                                    

"မဟုတ်ဘူး" ချင်ကျင်း ကျိုးချန်းကျီကို လေးနက်စွာ စိုက်ကြည့်ပြီးပြောလိုက်သည်။ ကျိုးချန်းကျီ ထိုစကားကြောင့် နှာခေါင်းရှုံ့လိုက်သော်လည်း ချင်ကျင်း၏ နောက်ဆက်တွဲစကားက သူ့ကိုသွေးအန်မတတ်ဖြစ်သွားစေခဲ့သည်။

"ငါက ‌အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်က ချင်ကျင်း"

အဲ့လည်းမင်းဘဲမဟုတ်ဘူးလားကွ

ကျိုးချန်းကျီ ပေါက်ကွဲမတတ် ဖြစ်သွားခဲ့သည်။ အ‌ခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်လို ကျင့်ကြံသူတစ်ယောက်က သူ့မျက်စိထဲမ၀င်ပေ။

သူချင်ကျင်းနောက်မှ တဂျီကို မြင်လိုက်ရသောအခါ နှလုံးခုန်နှုန်း မြင်းဒုန်းဆိုင်းသကဲ့သို့ဖြစ်သွားရသည်။ဘထို့အပြင် သူတဂျီ ၏ကျင့်ကြံဆင့်ကို ဖြတ်ပြီးမမြင်နိုင်တာကိုပါ သိလိုက်ရသည်။

"မနေ့ညက ကောင်းကင်ဘုံဘေးဒုက္ခက မင်းကြောင့် ဖြစ်လာစေတာလား" ချန်ထျန်းယို မှမေးလိုက်သည်။ သူ့နားတွင်ရပ်နေကြသော အကြီးအကဲ များစွာကလည်း ချင်ကျင်းကို ဝါးစားမတတ် ကြည့်နေလိုက်ကြသည်။

သူတို့၏ဂိုဏ်းသည် နောက်ထပ် ရွှေဗဟိုနယ်ပယ်စွမ်းအားရှင်တစ်ယောက်ရတော့မည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံး ရလဒ်က သူတို့ကိုကစားသွားခဲ့ကာ ကောင်းကင်ဘုံဘေးဒုက္ခကို ဖြစ်ပွား‌ စေသောသူမှာ အပြင်လူဟု သံသယများရှိခဲ့ရသည်။

"ကျုပ်လည်း ကောင်းကင်ဘုံဘေးဒုက္ခကို ဖြစ်ပွားစေမယ်လို့ တစ်ကယ်မထင်ခဲ့တာပါ" ချင်ကျင်း လက်နှစ်ဖက်ကိုဆုပ်ကာ အပြစ်ကင်းစင်ဟန်ရသော အမူအရာကြောင့် ချန်ထျန်းယိုကို ပိတ်ကန်ချင်စိတ်များပင် တဖွားဖွားပေါ်လာစေသည်။

ချန်ထျန်းယိုနားတွင် ရပ်နေသော ချန်ဟောက် မှာမူ ဤအခြေအနေကို နှစ်သက်နေခဲ့သည်။ ဝိညာဉ်အထူးပြုဂိုဏ်းသည် ချင်ကျင်း၏ ပြိုင်ဘက်မဖြစ်နိုင်သည်ကို သိသော်ငြားလည်း၊ ဤကိစ္စသည် ချင်ကျင်းနှင့် ဝိညာဉ်အထူးပြုဂိုဏ်းကြားထဲမှ ဆက်ဆံရေး အား ပို၍ဆိုးရွားသွားစေနိုင်သည်။

ချင်ကျင်းသည် တတိယမင်းသားဖြစ်ကာ သူ၏ ပစ်မှတ်မှာ အနာဂါတ်ထီးနန်းဖြစ်သည်။ ချင်ကျင်းနှင့် ပဉ္စမမင်းသား ချင်ယွီတို့ကြားရှိ ဆက်ဆံရေး မှာလည်း ဆိုးရွားပြီးသားဖြစ်သော ကြောင့် ခရမ်းအလင်းဂိုဏ်းသည် ချင်ကျင်းကို ထောက်ခံပေးဖို့ မဖြစ်နိုင်တော့ချေ။ ယခု ဝိညာဉ်အထူးပြုဂိုဏ်းနှင့် ချင်ကျင်းတို့ကြားမှ ဆက်ဆံရေးကို ဆိုးရွားအောင်လုပ်နိုင်ပါက သူ့ကို ထောက်ခံ ပေးမည့် ဂိုဏ်းကြီးနှစ်ခုကို ဆုံးရှုံသွားမည် ဖြစ်သည်။

ဂန္တဝင်စနစ်Όπου ζουν οι ιστορίες. Ανακάλυψε τώρα