Prelogue 2 (🔞) Zawgyi

12.9K 159 0
                                    

Sexual Warning Alert ⚠️

-"နတ်ဘုရားသွေးတစ်ဝက် မိစ္ဆာသွေးတစ်ဝက်တဲ့လား..အဲ့လိုဆို ဘုရင်က လူရောဟုတ်ပါ့ဥှီးမလား..အခုတောင် ကြည့်ပါလား လုံးဝ အိုမင်းရင့်ရော်မှု အရိပ်ရောင်တောင်မတွေ့ရတာ ဘယ်နှနှစ်ရှိနေပြီလဲ"

-"ရှူး .. တိုးတိုးပြောစမ်း..မင်း အသက်မင်း တန်းဖိုးထားတယ်ဆိုရင်"

သက်လတ်ပိုင်း ယောက်ျား၎ယောက်ဟာ ရေနွေးကြမ်းသောက်ရင်း အပျင်းပြေရာ ပေါက်တတ်ကရ အကြောင်းရာ အလုံးစုံကို စကားစမြည်လုပ်ပြောနေကြသည်။

ထို့နောက် တစ်ယောက်က ထပြောပြန်၏။

-"ဘယ်ကသာ.. အရှင်ဘုရင်က နတ်ဘုရားနဲ့ မိစ္ဆာသွေးပဲ ၂မျိုးရောနေတာမဟုတ်ဘူးဟ.. ငါ ကြားတာတော့ တခြား ၂မျိုးဖြစ်နေတဲ့ ခန္ဓါကိုယ် အစိတ်ပိုင်းတွေရှိသေးတယ်ဆိုပဲ"

-" ဘယ်လို ၂ မျိုးလဲ..မင်း ဟာ..သေချာရှင်းစမ်း။ နှလုံး ၂ခု ကျောက်ကပ် ၂ခုပါတာမျိုးလား"

တစ်ဖက်က ပြောသော ကောင်က ခေါင်းကုတ်ရင်း စိတ်မရှည်တော့ပေ။

"ဟုတ်နေမလားဟ.. ငါပြောတာ အက်လို ၂မျိုးပြောတာမဟုတ်ဘူး။

သေချာနားထောင်။

ဘုရင်ကလေ...."

ထိုယောက်ျားဟာ သူ့သူငယ်ချင်းတွေကို အနားသို့တိုးရန် လက်ယက်ခေါ်လိုက်ပြီး တီးတိုး စကားဆိုလိုက်သည်။ ထိုအခါ ကျန်သောသူများက..စိတ်ပျက်လက်ပျက်ဖြင့် အနောက်သို့ ပြန်ဖယ်သွားကြကာ ရေနွေးကြမ်းတစ်ခွက်ကိုသာ ကိုယ်စီမော့သောက်လိုက်ကြပြီး..

-"သောက်ရူး..ဖြစ်နိုင်ပါ့မလား..အက်တာ တချို့ အညစ်ညမ်း စာပေသမားတွေစီက ထွက်လာတဲ့ ကောလဟာလပါကွာ"

-" အေ့လေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..အောက်က ပစ္စည်းက ၂ခုတောင်ဆိုတာကြီးကလေ..ဟား ဟား"

- " လုပ်ကြံပြောချင်လဲ တခြားအကြောင်းပြောစမ်းပါကွာ"

သူငယ်ချင်း ၃ယောက်၏ ငြင်းခုန်မှုကြောင့် ထိုသူဟာ အနည်းငယ်စိတ်ဆိုးချင်သွားသည်။

" ဟာ..တကယ်ပါဆို..ဆောင်ကြာမြိုင်က မိန်းကလေးတစ်ယောက်စီက ကြားခဲ့တာကွ"

The Night Flower 🔞 Where stories live. Discover now