- 41 - [ Unicode ]

Start from the beginning
                                    

"ငါ့ယောကျ်ားကလိမ္မာတယ်လို့"

"ဟားဟား ဒီယောက်ျားလိမ္မာလားဆိုးလား ပြမယ် လာ"

"ဟာ မောင့်!"

သက်လျာကိုယ်လုံးလေးကိုပွေ့ချီကာ အိပ်ခန်းထဲသို့ခေါ်သွားပါသောမောင်။သေချာတာကတော့ သူတို့နှစ်ယောက်ရဲ့အချစ်ညလေးကရှည်လျားတော့မည်ဆိုတာပင်။

------

မောင်အပြင်ခဏသွားတာမို့ သက်လျာနဲ့အမိန့်ကထုံးစံအတိုင်းအိမ်မှာရှိသည်။ထမင်းစားချိန်တိုင်း အရုပ်တွေနဲ့ဆော့နေတဲ့အမိန့်ကို ထမင်းမဝင်ဝင်အောင်ခွံရတာသိပ်ကိုပင်ပန်းသည်။

"အိုအို့ ပါးပါးညောင်းလာပြီကွာ သားငယ်ကလျှောက်ဆော့နေတာ ပါးပါးကလိုက်ခွံ့နေရတယ်"

"တားဒီမှာဘဲထိုင်ချော့တော့မယ်ရော် ပါးပါး"

"လိမ္မာလိုက်တာ အမိန့်လေးက"

" အာ..."

ပါးစပ်လေးဟကာထမင်းခွံဖို့တောင်းနေတဲ့အိုလေးကိုတစ်လုပ်ခွံလိုက်ပြီးပါးလေးကိုတစ်ချက်နမ်းလိုက်သည်။ထိုစဥ်..

"မောင် သွားတာမြန်သားဘဲ"

တွေ့ဆုံပွဲတစ်ခုရှိတယ်ဆိုပြီးထွက်သွားတဲ့မောင်က အစောပြန်ရောက်လာတာမို့သက်လျာအံ့သြသွားသည်။မောင်တစ်ယောက် ထိုင်တောင်ထိုင်ခဲ့ရဲ့လား။

"မောင်က ပြီးတာနဲ့ပြန်လာတာကိုး"

"ဒယ်ဒီ"

ဆော့နေရာမှထကာ သူ့ဆီပြေးလာတဲ့သားငယ်ကိုပွေ့ဖက်ထားလိုက်သည်။

"မုန့်ရော"

"ပါပါတယ်ဗျာ အခုသားကထမင်းစားနေတာမလား ပြီးမှစားနော်"

"ဟွန့်!"

နှုတ်ခမ်းဆူကာသူဆော့နေတဲ့နေရာသို့ပြန်ထွက်သွားတဲ့ကလေးငယ်ကြောင့်သဘောပြုံးလိုက်သည်။လိုချင်တာမရရင်ကောက်တာကသက်လျာနဲ့တူသလားဘဲ။

"အိုအို့ မန်းမန်းမစားတော့ဘူးလား"

"တားဝဘီ ပါးပါး"

ဝပြီဆိုတဲ့ကိုယ်တော့်ကိုပါးစပ်သုတ်ကာရေတိုက်ရသေးသည်။မဟုတ်ရင်ဟင်းနံ့တွေနဲ့နံနေဦးမှာ။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now