- 39 - ⚠︎ [ Unicode ]

63.1K 3.2K 327
                                    


[Unicode]

ကုတင်ပေါ်မှာလှဲလျက်သားရှိတဲ့သူ့အပေါ်ကိုအုပ်မိုးထားတဲ့မောင့်ပုံစံက ကြွက်ဖြူလေးကိုစားတော့မယ့်ကြောင်တစ်ကောင်အလားအောက်မေ့ရသလို ။အခန်းထဲကAirconလေလေးကလဲ အေးမြမြဖြစ်နေကာ ရင်ခုန်သံတွေကလဲဆူညံလို့။

King sizeမွေ့ယာကြီးပေါ်မှာသက်လျာကိုယ်လုံးလေးလုံးကလှပစွာနေရာယူလျှက်ရှိကာ ၊ရှက်သွေးဖြာလို့နီရဲနေတဲ့မျက်နှာလေးကြောင့်အသဲယားဖို့ကောင်းသည်။အခြေအနေဟာ ခဏတာတိတ်ဆိတ်နေပြီးနောက် သဘောကသက်လျာတစ်ကိုယ်လုံးကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။

ညှို့အားပြင်းတဲ့မျက်ဝန်းအညိုရောင်တွေနဲ့စိုက်ကြည့်နေတာမို့သက်လျာအတော်နေရခက်လာသည်။ ခံစားချက်ကလွန်ခဲ့တဲ့သုံးနှစ်ကအတိုင်းမပြောင်းလဲသေး။ ဘယ်လိုဘဲဖြစ်နေပါစေ ဒီလိုအခြေအနေမျိုးကိုသက်လျာရှက်သည်။

"မောင်"

'အွန့်...'

ရုတ်တရက်နမ်းရှိုက်လာတဲ့မောင့်ကြောင့်သက်လျာနှုတ်ခမ်းတောင်အောင့်ချင်သွားသည်။နူးညံ့သည်လဲမဆို ကြမ်းတမ်းသည်လဲမဖြစ်တဲ့အနမ်းတွေအောက်မှာသက်လျာကအလိုက်သင့်သာ။ မျက်နှာအနှံ့တင်မက လည်ပင်းတစ်လျှောက်နဲ့အတူညှပ်ရိုးလေးတွေကိုပါနမ်းရှိုက်လာသေးသည်။

ဝတ်ထားတဲ့Pajamasခဲရောင်လေးရဲ့ကြယ်သီးတွေကသဘောလက်ချက်ကြောင့်ပြုတ်ခါနီးပြီ။မကြာလိုက်ပါ ကြယ်သီးလေးတွေအကုန်ပြုတ်သွားပြီးနောက် သက်လျာရဲ့ရင်ဘက်ဖြူဖြူကထင်းခနဲပေါ်လို့လာသည်။ဒါ့အပြင် ပန်းရောင်သမ်းနေတဲ့nipplesလေးတွေကလဲ သဘောရဲ့စိတ်ရိုင်းတို့ကိုနှိုးဆွပေးနေသယောင်။

ညှပ်ရိုးတွေနဲ့လည်ပင်းတစ်လျှောက်နမ်းလာရင်း nipplesနေရာကိုစိတ်မထိန်းနိုင်ဘဲ တစ်ဖက်ပွင့်ချပ်အားစုပ်ယူလိုက်တော့ 'အင့်'ဟူသော အသံသဲ့သဲ့ကသက်လျာဆီမှထွက်ကျလာသည်။အရိုင်းဆန်တဲ့အနမ်းတွေအောက်မှာသက်လျာကတော့ သဘောဆံပင်တွေကိုထိုးဆွရင်းဖြင့်ငြိမ်နေလျှက်သာ။ နှင်းဆီပွင့်ချပ်တို့အားစိတ်တိုင်းကျစားသုံးပြီးတဲ့နောက်မှာဗိုက်နေရာသို့တဖြည်းဖြည်းဆင်းလိုက်သည်။ထိုအချိန် သက်လျာရဲ့ဗိုက်မှာရှိတဲ့ ချုပ်ရိုးကြောင်းတစ်ခုကသဘောဆက်လုပ်မည့်အရာများကို ရပ်တန့်သွားစေခဲ့သည်။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now