- 31 - [ Unicode ]

49.8K 3.9K 486
                                    


(Uni)

ကျယ်ဝန်းလှတဲ့အစည်းအဝေးခန်းတစ်ခုရဲ့အဓိကကျလှသော CEOနေရာတွင်လူတစ်ယောက်ထိုင်နေ၏။ ဝတ်စားထားတဲ့Suitခဲရောင်ဝမ်းဆက်နှင့်အတူ အများနဲ့မတူတဲ့သူ့ရဲ့အရှိန်အဝါကသာမန်သူတွေတောင်အနားမကပ်ဝံ့ကြတဲ့အထိ။အကြောပြိုင်းပြိုင်းထနေတဲ့လက်တွေက Laptopပေါ်မှာပြေးလွှားနေကာ ပါးစပ်မှလဲလုပ်ငန်းအကြောင်းကိုမနားတမ်းပြောဆိုနေသည့်သူ။မျက်နှာထားကတော့တည်တံ့နေကာ မည်သူ့ကိုမှပြုံးရယ်ပြုခြင်းမပြု။

အခန်းထဲရှိလူများအားလုံးကထိုလူရဲ့ပြောစကားကိုခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်ထောက်ခံနေကြသည်။'Minn'လုပ်ငန်းစုရဲ့တစ်ဦးထည်းသောမျိုးဆက်ဖြစ်တဲ့ဆက်ခံသူ 'မင်းသဘော' လို့ပြောလိုက်တာနဲ့တစ်ရုံးလုံးက ဖင်တုန်အောင်ကြောက်ရသည့်အမျိုး။လမ်းမှာတွေ့ရင်တောင်မည်သူတစ်ဦးတစ်ယောက်မျှသူ့မျက်လုံးအားစေ့စေ့ကြည့်ရဲတဲ့သူမရှိ။

"ဒီနေ့ကတော့ဒီလောက်ပါဘဲ "

ဘေးပတ်ပတ်လည်မှာထိုင်နေကြသည့်လုပ်ငန်းရှင်နဲ့ဝန်ထမ်းအသီးသီးကို တိုတိုတုတ်တုတ်စကားတစ်ခွန်းသာပြောလိုက်သည်။ Laptopကိုပိတ်လိုက်ကာအစည်းအဝေးခန်းထဲမှထွက်လာခဲ့ပြီးသူရဲ့ရုံးခန်းရှိရာသို့ဦးတည်ပြီးသွားနေသည်။ခြောက်ပေကျော်သော်အရပ်ကြီးနဲ့ရှည်လျားတဲ့ခြေတံကြောင့် ခပ်မြန်မြန်လမ်းလျှောက်ပုံနှင့်ဆိုအတော့်ကိုခရီးရောက်သည်။

နောက်ကနေထပ်ကြပ်မကွာလိုက်နေရတဲ့အတွင်းရေးမှုးအောင်ကိုခဗျာ သူဌေးဖြစ်သူရဲ့​ခြေလှမ်းကျယ်ကြီးတွေနောက်ကိုအပြေးသာလိုက်ရတော့သည်။

"အောင်ကို စစ်ရမယ့်စာရင်းတွေရှိရင်ငါ့ဆီအခုတစ်ခါထည်းယူလာခဲ့"

"ဟုတ်ကဲ့ပါ boss "

အမိန့်စကားတစ်ခွန်းကြောင့် အတွင်းရေးမှုးအောင်ကိုတစ်ယောက်သဘောရုံးခန်းထဲမှပြန်ထွက်ကာ သဘော ခိုင်းတာကိုအမြန်လုပ်ရသည်။
တိကျတယ်။ပြတ်သားတယ်။အရာရာကိုလေးလေးနက်နက်နဲ့လုပ်ကိုင်တဲ့ထိုကောင်လေးက အသက် ၂၄နှစ်သာရှိသေးသည်။

ငယ်ရွယ်လွန်းတဲ့သူတစ်ယောက်ဖြစ်သည့်အားလျော်စွာ စဥ်းစားတွေးခေါ်ဉာဏ်ကောင်းတာမို့'Minn'လုပ်ငန်းစုက ဒီ ၄ နှစ်နီးပါးအတွင်းမှာသိသိသာသာပြောင်းလဲလာခဲ့သည်။နိုင်ငံခြားကုမ္မဏီတွေကလုပ်ငန်းတူပူးပေါင်းလုပ်ကိုင်ဖို့အရေး လာရောက်ကမ်းလှမ်းကြသည်မှာလဲ ဒုနဲ့ဒေး။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now