- 12 - [ Unicode ]

51.2K 4K 591
                                    


(Uni)

ဒီနေ့ကသူရရဲ့အလုပ်ပိတ်ရက်ဖြစ်သည်။သက်လျာနဲ့သူနဲ့ကပိတ်ရက်မတူ။အိမ်ရှေ့ကြမ်းပြင်ကိုတံမြတ်စည်းလှည်းနေရင်းမှအိမ်ရှေ့ကခေါ်သံကြောင့်လှည့်ကြည့်လိုက်စဥ်တွင်.....

"အိမ်ရှင်တို့ခင်ဗျ"

တည်ကြည်လှသောအသံနဲ့အတူ သူအရမ်းတွေ့ချင်နေတဲ့ကောင်လေး။

"ဘာကိစ္စရှိလို့လဲ ဝေယံ"

"ပိုင်ကဒီမှာဘာလုပ်နေတာလဲ ဒါသက်လျာတို့အိမ်မဟုတ်ဘူးလား"

"ဟုတ်တယ်လေ သက်လျာနဲ့ပိုင်ကဒီမှာအတူငှားနေတာ အခုသူကအလုပ်သွားတယ်လေ ပိုင်ကနားရက်"

ဝေယံကအန်တီနွယ့်ဆိုင်ကိုဒီရက်ပိုင်းအလာစိတ်တာမို့ သူတို့နှစ်ဦးမိတ်ဆွေတွေလိုခင်မင်နေကြသည်။ဝေယံ့ကသူရအား အန်တီနွယ်ခေါ်သလိုပိုင်ငယ်ဆိုတာကို အဖျားစွတ်ကာ'ပိုင်'ဟုသာခေါ်သည်။တိတ်တခိုးသဘောကျနေရတဲ့လူတစ်ယောက်ရဲ့နှုတ်ခမ်းပါးထက်မှသူ့နာမည်အားအခုလိုခေါ်တာကို သူရကြိုက်နှစ်သက်သည်။

"ဘယ်လိုကနေ ဘယ်လို...."

"အော် သက်လျာနဲ့ပိုင်နဲ့ကငယ်ငယ်ကတည်းကသူငယ်ချင်းတွေ အခုရန်ကုန်ကိုလဲအတူတူတတ်လာပြီးအလုပ်လာလုပ်တာ တစ်ယောက်စီခွဲမနေချင်လို့အတူတူနေတာ"

တစ်ဖက်အမြင်မှာတော့အပျိုလူပျို ယောကျ်ားနဲ့မိန်းမအတူနေသည်ကို တစ်မျိုးထင်ချင်ထင်နေလိမ့်မည်။သို့သော်ဒီလိုမပြောလို့ ဘယ်လိုပြောရမည်နည်း။မဟုတ်ရင် လိမ်ထားသမျှအကုန်ပေါ်မည်။

"အော်"

"ဒါနဲ့ သက်လျာနဲ့သိတာကြာပြီလား"

"မ​ကြာသေးဘူး လမ်းမှာမတော်တဆဆုံပြီးရင်းနှီးသွားတာ"

"ဒီကိုလာတာ ကိစ္စရှိလို့လား"

"အင်း ရပါတယ်သက်လျာနဲ့တွေ့မှဘဲပြောလိုက်တော့မယ် အခုတော့ပြန်တော့မယ်"

ပြောချင်တာ​ပြောပြီးကားအဖြူလေးပေါ်သို့တတ်သွားတဲ့ကောင်လေးကို သူရမလွတ်တမ်းကြည့်နေမိသည်။သူ့အားပြန်လှည့်ကြည့်ပြီးနှုတ်ဆက်စကားထပ်ဆိုဦးမလားဟုမျှော်လင့်ချက်အနည်းငယ်ဖြင့်နေမိသော်လည်း အချင်းနှီးသာ...။ဝေယံကတော့နောက်ကလူဘာဖြစ်နေလဲစိတ်မဝင်စားဘဲပြန်သွားသည်။ ဘယ်လိုဘဲဖြစ်ဖြစ်ဒီနေ့တော့သူ့ရဲ့အချိန်လေးတွေကပျော်စရာလေးတွေဘဲ ဖြစ်နေလိမ့်မည်။အကြောင်းပြချက်မှာဝေယံ့ကိုမြင်လိုက်ရလို့ပင်။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] حيث تعيش القصص. اكتشف الآن