အခန်း (၈)

Start from the beginning
                                    

စတွေ့တုန်းက။ စတွေ့တုန်းကတဲ့လား ကလေးရယ်။ စတွေ့တုန်းကဆိုတဲ့အရာဟာ မမအတွက် ဘယ်လောက်ထိ ပြင်းထန် နူးညံ့သလဲဆိုတာ ပြောပြဖို့တောင် အား မရှိသေးပါဘူးကွယ်။

"မမ"

"ဟင်"

"ဘာတွေးနေတာလဲဟင်"

"သြော် အင်း ကလေး။ မတွေးပါဘူး။ အရင်တုန်းကတည်းက ကလေးက ဖော်ရွေ ပါတယ်။ တခြားအဆောင်သူတွေနဲ့လည်း အလိုက်အထိုက်လေး နေတတ်တယ် လေ"

"ဖော်ရွေတယ်"

"အင်းလေ"

"ဒီလိုဖြင့် ငယ့်ကို မမတစ်ယောက်ပဲ ပြောသေးတယ်။ ငယ်က အပေါင်းအသင်း နည်းလို့။ မျက်နှာတည်ပြီး စကားနည်းလို့တဲ့ ပြောကြတာပဲ"

"အဲ့ဒါတွေလည်း ဟုတ်တယ်လေ။ ဒါပေမယ့် ဘယ်သူနဲ့မဆိုလည်း ကလေးက အဆင်ပြေ နေတော့တာပဲကို"

"မမ ပြောမှ ဖတ်ဖူးတာလေးတောင် သတိရမိသွားတယ်"

"ဘာလဲ ကလေး"

"မြန်မာ့ရာဇဝင်မှာ ဘုရင်လုပ်ဖို့ ငြင်းဆန်တဲ့သူ လေးဦးရှိတယ်။ အဲ့ဒီ​ အထဲက တစ်ဦး အကြောင်း"

"ဟုတ်သလား"

"ဟုတ်တယ် မမ။ သီလဝါ မင်းသားလေ။ သူက အင်းဝဘုရင် သတိုးမင်းဖျား ကွယ်လွန်တဲ့အချိန်မှာ နန်းတင်တာကို လက်မခံဘူးတဲ့"

မမ မေငြိဏ်းက ကျွန်မစကားတွေကို စိတ်ဝင်တစား နားထောင်နေတယ်။ မျက်လုံးကလေးဖြင့် ကြည်လဲ့လို့။

"သူ့ရဲ့အကြောင်းပြချက်က သူက တစ်သက်လုံးမှာ သုံးခါသာ ပြုံးရယ် ဖူးတယ်။ ဒါကြောင့် သူ့ထက်ဖော်ရွေတတ်တဲ့သူကိုသာ ရှာပါ လို့ပြောတယ်တဲ့"

"ဟယ်"

ကျွန်မ စကားဆုံးသွားတော့ မမ မေငြိဏ်းမှာ မပီမပြင် ရယ်ရွှင်ပုံလေး ပေါက်သွားတယ်။

"ဒါပေမယ့် မမကိုတော့ ကလေးက ရန်လိုတယ်"

"ဘယ်တုန်းကလဲ"

"စတွေ့တုန်းကလေ။ ရန်လို စူးရဲနေတာပဲ။ မှတ်မိသေးတယ်။ ဘာတဲ့။ ကျွန်မကို ကလေးလို့ မခေါ်ပါနဲ့ တဲ့"

"အဲဒီတော့ မမက မခေါ်တော့ဘူးတဲ့လား"

"ဟင့်အင်းကွယ်။ ခေါ်တာပါပဲ"

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now