Extra ✨

3.9K 255 35
                                    


"အား....ပတ်ဂျီမင်း နင်လွှတ်စမ်း
လူလေးကသေးသလောက် ခုချက်ချင်း လွှတ်စမ်း အား "

သူ့ဆံပင်တွေအား လက်နှစ်ဖက်ဖြင့်ဆွဲထားသော အနှီကောင်ငယ်လေးသည် ဘာတွေစားပြီးများ အားကြီးနေပါလိမ့်

"ပတ်ဂျီမင်း နင်ငါ့အဒေါ်ကိုအခုလွှတ်ပေး! "

ရုန်းရင်းဆန်ခက်ဖြစ်နေသော နှစ်ယောက်အနားတွင် အဆွဲခံထားရသော အဒေါ်ကြီး၏ တူမလည်းရှိနေသဖြင့် သူ့အဒေါ်အား လွှတ်ပေးရန် ဂျီမင်းအား အော်နေချင်း

"ဘာကိစ္စလွှတ်ပေးရမှာလဲ နင့်အဒေါ်အရင် ငါ့ယောက်ျားကို ကြူးတာလေ "

"ယောက်ျားလေးအချင်းချင်း ယူထားပြီးစွာကျယ်စွာကျယ် လာလုပ်နေသေးတယ် "

ကောင်မလေးကပြောလည်းပြော ဂျီမင်းအား ဝင်လုပ်ရန်လက်လှမ်းလာစဉ် ထိုလက်တွေအား လှမ်းဖမ်းလိုက်သော ဂျီမင်းအစ်ကိုကင်ဆော့ဂျင်

"ဘာလုပ်တာလဲဖယ် "

"လူကြီးနဲ့ကလေးဖြစ်တဲ့ ပွဲကိုနင်ကဘာကိစ္စဝင်ပါနေချင်နေရတာလဲ "

ဟုတ်တယ်လေ
သူတောင် သူ့ရဲချစ်လှစွာသောညီလေးအား ဝင်မဆွဲဘဲ တစ်ယောက်တစ်ယောက်ချင်း
ဖိုက်နေကျတာမို့ ရပ်ကြည့်နေချင်း
အဲ့တာကို ဒီကလေးက ဝင်ပါချင်နေတာ
တွေ့ဦးမယ် ငါနဲ့

"ဘာ !
နင့်ရဲ့ ဦးနှောက်မရှိတဲ့ညီက ငါ့အဒေါ်ရဲ့ဆံပင်မွှေးတွေဆောင့်ဆွဲထားတာလေ "

"နင့်အဒေါ်လည်း လက်တစ်ဖက်နဲ့ပြန်ဆွဲထားတာဘဲ "

ခပ်ထေ့ထေ့မျက်နှာနဲ့ ဆော့ဂျင်သည် ထိုကောင်မလေးအား မထိတထိဆိုတော့ မိမိရှေ့တွင်ရပ်နေသော ထို‌ကလေးမသည် တရူးရူးတရှဲရှဲဖြစ်လာတော့သည်

"အမလေး... ဒီအရိုင်းအစိုင်း နှစ်ကောင်ကို ဘယ်သူကများ မွေးထုတ်ထားပါလိမ့် "

"ဒီမှာကလေးမ စကားကိုဆင်ခြင်ပြောပါ
အရိုင်းအစိုင်းက အကိုတို့ညီအစ်ကိုလား
ဟော့ဒီက ညီမတို့ တူဝရီးလားဆိုတာ "

ဆော့ဂျင်နဲ့ ထိုကလေးမ စကားနိုင်လုနေကျစဉ် အသံနင်ကြီးဖြင့် ‌နာကြောင်းပြောနေသော အဒေါ်ကြီးသည် အမှန်တကယ်လည်း‌နာနေပုံရကာ မျက်နှာကြီးနီရဲနေပြီး အံကိုကြိတ်ထားသည်

မူပိုင်Where stories live. Discover now