Pt.4

4.6K 389 10
                                    

"အင်းးးးးးငါနိုးလာတာလားးး"

ဟိုက်7နာရီတောင်ခွဲနေပြီ ရုံးချိန်က9နာရီ ရေချိုး မနက်စာစားဦးမှာနဲ့ဆိုအခုထမှကွက်တိလောက်သာ

"အမလေးးးကွာ ကျောတွေနာနေတာဘဲ ဟိုအကြောတင်းကန်ထားတာ " တယောက်ထဲညည်းညူရင်းထရတော့သည်

ဒီလိုဒုက္ခတွေသည် အကြောတင်းနှင့်လက်ထက်ပြီးကတည်းကစ၍ ယခုထိတိုင်မနက်တိုင်းခံစားနေရသောအရာသာဖြစ်သည်

ဘာလို့ အတူတူအိပ်ကျတာလဲဆိုလျှင် ကျွန်တော့်အမေ၏ တချက်လွှတ်ရာဇသံ ကြောင့်သာ

မေမေသည်ဂျီမင်းကိုတော့အသေချစ်သည် ဂျီမင်းနဲ့သာဆို ကျွန်တော့်ကိုတောင်သူ့သားမဟုတ်တော့သလို

ဂျီမင်းသည်လည်း သူ့မိဘတွေဆီက မရခဲ့သော ဂရုစိုက်မှုတွေ ယုယမှုတွေအား ကျွန်တော့်မေမေနှင့်မှတွေ့ဖူး၍ အပြည့်အဝရရှိနေသောကြောင့် မေမေ့ကိုတော့သူချစ်ရှာသည်
မေမေ့ရှေ့တွင် ချစ်စရာအမူအရာများနှင့်ချွဲတတ်သည် စားချင်တာများလုပ်ကျွေးခိုင်းသည် ‌

တခါတလေ မေမေ့ပေါင်ပေါ် လှဲအိပ်၍ ချော့သိပ်ခိုင်းသေးသည်

ထိုအပြုအမူများမြင်ရလျှင် ကျွန်တော်သည် ပါးစပ်အဟောင်းသား

ပတ်ဂျီမင်းကြီး လူပြောင်းသွားသလိုအထူးအဆန်းငေးနေမိသည်

ကျွန်တော့်မေမေသည်လည်းထိုအပြုအမူများကိုလွန်စွာသဘောကျနေရချင်းဖြစ်မည်ထင်သည်

ကျွန်တော်တို့2ယောက်သည် မိဘများနှင့်အိမ်ခွဲနေနေခြင်း တစ်လတခါတော့သူ့မိဘအိမ် ကိုယ့်မိဘအိမ် ညစာသွားစားလေ့ရှိကျပါသည်
မေမေကတော့ကျွန်တော်တို့လက်ထက်ခါစတွင်အိမ်ခွဲမနေရန် သူမတို့နှင့်နေရန်အကြံပေးသော်လည်း ကျွန်တော်တို့အကြောင်းကျွန်တော်တို့သာသိသည်
ခဏခဏ ရန်ဖြစ်ပုံမျိုးနဲ့ မိဘများအားစိတ်မဆင်းရဲစေချင်ပါ ဒါကြောင့်ခွဲနေကျရန် သဘောတူခဲ့ချင်း

"ဂျွန်ဂျောင်ကု မင်းရေချိုးနေတာ ပြီးဦးမှာလား ငါလည်းချိုးဦးမှာမြန်မြန်ထွက်ခဲ့ "
"မင်းတယောက်တည်းအလုပ်သွားရမှာမဟုတ်ဘူးကွ ငါလည်းသွားရမှာ ရေချိုးရင်းသေနေတာလား "

မူပိုင်Where stories live. Discover now