"တီ..တီ"
"ဟင် အကိုလေးနမ်ဂျွန်း"
"ဟုတ်တယ် ဦးလေးဂျိုရေ ကျွန်တော်ဒီအမူးသမားကိုပြန်လိုက်ပို့တာ တံခါးလေးဖွင့်ပေးပါဦး"
"အော် အေးအေး"
ဦးလေးဂျိုလည်း နမ်ဂျွန်းအားတံခါးဖွင့်ပေးကာ အမူးသမားသခင်လေးအားကူသယ်ပေးရန် အိမ်တံခါးပေါက်ရှိ နမ်ဂျွန်းကားဆီအပြေးအလွှား သွားရတော့သည်
"ပေးပေး အကိုလေး ဦးလေးဂျို ကူသယ်ပေးပါ့မယ်"
"ရပါတယ်ဦးလေးဂျိုရယ် ကျွန်တော်ဘဲ သယ်လက်စနဲ့သယ်လိုက်ပါ့မယ် ဦးလေးဂျိုလည်း အသက်ကြီးနေပြီဘဲ ဒီကောင့်ကိုယ်လုံးကြီးက နည်းတာမဟုတ်ဘူး ကျွန်တော်ဘဲ သယ်လိုက်တော့မယ်"
နမ်ဂျွန်းလည်း ကားပေါ်မှ အမူးသမားအား တွဲလာကာ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်သာ ပစ်တင်လိုက်တော့သည်
"ဟေ့ ဘယ်သူလဲ ငါ့ကိုဒီလိုပစ်ချရဲတာ အကုန် လစာဖြတ်ခံချင်တာလား"
"မင်းပထွေး ငါတင်တာဟေ့ ငါတင်တာ"
"ဟင် ပထွေး ဟုတ်လား ဂျောင်ကုမှာပထွေးရှိပါဘူး ဖေဖေတယောက်ဘဲရှိတာ "
အမူးသမား ဒါကျလည်သားဘဲ အမူးပါးကောင်
နမ်ဂျွန်းလည်း ထိုအမူးသမားအား သယ်လာသောအရှိန်ဖြင့် မောနေကာ ထို ဆိုဖာပေါ်တွင်ဘဲထိုင်နားနေရသည်
အမူးသမားပြောသမျှအား မောမောဖြင့်ပြန်ဖြေရသေးသည်"မသိပါဘူး ငါက ပထွေးရှိတယ်မှတ်နေတာ"
"ပထွေးရှိပါဘူး ဖေဖေတယောက်ရယ် မေမေတယောက်ရယ်ဘဲရှိတာပါ ဂျောင်ကုမှာ
အော် ပြီးကျရှိသေးတယ်လေ ဟိုဟာလေးး"ထိုအမူးသမားသည် မျက်ခုံးများကျုံ့ကာစဉ်းစားခန်းဖွင့်နေသည် ဘာရှိတာပြောဦးမလို့လဲမသိ
"ဘာလည်း မင်းမှာ ပါးချိုင့်ကြီးနဲ့အရမ်းချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတယောက်ရှိသေးတယ်ပြောမလို့လား"
သူသိတာပေါ့ ဂျောင်ကုက ကျွန်တော့်ကိုဆို သိပ်ခင် သိပ်ချစ်တယ်ဆိုတာ ပေါင်းလာတာလည်းကြာလှပြီကို
နမ်ဂျွန်းကတော့သူ့အတွေးနဲ့သူဟုတ်နေတော့သည်
"ဟုတ်ပါဝူးး ဘယ်က ပါးချိုင့်ကမှာလည်း"
YOU ARE READING
မူပိုင်
Fanfictionရပ်တန့်ကျမလား..ရှေ့ဆက်ကျမလားး စဉ်းစားပါဂျီမင်းငယ် ရပျတန့ျကမြလား..ရှေ့ဆကျကမြလားး စဉျးစားပါဂြီမငျးငယျ