အပိုင်း (၁၆)

Start from the beginning
                                    

တိုးလျှိုးတောင်းပန်နေသော ဒီအသံလေးသည် သူ့နှလုံးသားဝိညာဥ်ကို ဆွဲစုတ်လိုက်သလိုပါပင်။ ပြီးနောက်တွင် နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာသည့် ငိုသံများကြောင့် သူသည်သမီးငယ်အားရင်ခွင်ထဲထည့်ထားလျက်ကပင် ထကာထိုင်လိုက်သည်။ ထိုသို့ ထိုင်လိုက်သည့်တိုင် သမီးငယ်အားဆိုဖာပေါ်သို့မချပေးပဲ သူ့ပေါင်ပေါ်တွင် ထိုင်နေစေသည်။

သမီးငယ်ကိုယ်တိုင်ကလည်း အခုချိန်မှာ ရင်ငွေ့လိုအပ်နေသည့် လူတစ်ဦးသဖွယ် သူ့ကိုယ်ပေါ်ကနေ ဆင်းဖို့စိတ်ကူးမရှိပုံရသည်။ သူ့လည်ပင်းတွေဆီမှာ လက်နှစ်ဖက်လုံးဖြင့် ခိုဝင်တွယ်ချိတ်ထားရင်း ငိုကြွေးနေလေသည်။

"မများကြီးမတွေးရဘူး။ ဖြစ်သင့်တာကို ရွေးချယ်ဖို့စိတ်ကူးထား သမီးငယ်။ ငါရှိတာပဲ.....တခြားဘာမှ ဖြစ်ဖို့အကြောင်းမရှိတော့ဘူးလို့ သိထား။ မငိုနဲ့....."

ငယ်နိုးလာသည့် အချိန်ကနေစလို့ မြင်လိုက်ရသည့်ထည်ဝါဟာ ဒီအချိန်တွေအတွင်းမှာ အများကြီးရင့်ကျက်လာခဲ့သည်။ မနေ့ကနေအခုထိ ငယ့်ကိုသူပြောသည့် စကားများတွင် 'မငိုနဲ့'ဆိုသည့်အသုံးမှာ ငယ့်ဘဝတစ်ခုလုံးကို ပုံအပ်လိုက်ချင်သည်အထိ ယုံကြည်နေမိသည်။

ထည်ဝါပြောသလိုပင် အခုအချိန်မှာ ဖေဖေနဲ့မေမေကို ငယ်တကယ်ပဲဆုံးရှုံးလိုက်ရတာဖြစ်သည်။ ငယ့်စိတ်ကို ငယ်အတတ်နိုင်ဆုံး ကြိုးစားပြင်ဆင်ခဲ့သော်လည်း ဖေဖေနဲ့မေမေ့ကို သင်္ဂြိုလ်စက်ထဲထည့်သည့်အချိန်မှာ ငယ်ဟာ မပဋာမြေလူးဆိုသည့် ရှေးစကားများအတိုင်း ကမ္ဘာတစ်ခုလုံးပျောက်ကွယ်သွားသလို ခံစားချက်မျိုးနဲ့ အပြင်းအထန်ကို ငိုကြွေးခဲ့တာဖြစ်သည်။

ဤသို့ဖြင့် စိတ်နဲ့ကိုယ်နဲ့မကပ်သော ငယ်သည် ရက်လည်ဆွမ်းအတွက် အမျှဝေဖို့ကိုသာသိခဲ့ပြီး တခြားမည့်သည်ကိစ္စအဝဝကိုမှ မသိနိုင်ပဲ ဆွေးမြေ့ခဲ့တာ အခုနဲ့ဆို တစ်လတိုင်ခဲ့ပြီဖြစ်သည်။

တဖြည်းဖြည်းချင်းနဲ့ကုန်ဆုံးသွားခဲ့တဲ့နေ့ရက်တွေမှာ ငယ့်စိတ်တွေက အနာကျက်တော့မလိုလိုနဲ့ အဲ့ဒီနေ့ကလို နာကျင်ထုံးမွှန်းနေတာတွေက ဖြည်းဖြည်းလျော့ကျနေသည်။ ဒီနေ့လည်း နာကျင်ပေမယ့်အိပ်ရာကနေထ,ကာ လသာဆောင်ဘက်သို့ သွားကြည့်ဖို့စိတ်ကူးရှိလာသည်။

အချစ်ဦး (Completed)Where stories live. Discover now