အပိုင်း (၆၀)

Start from the beginning
                                    

"လောင်ရှီက မင်းကိုသတ်မယ်"

ချင်ကျင်းအော်လိုက်၏။ တစ်ချိန်တည်းတွင်တကိုယ်လုံးထဲ၌ ရှိသော ခွန်အားများကို ထုတ်ပြီး လက်ထဲမှ နဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံ နှင့်အတူ အနက်၀တ်လူဆီကို လွှဲရမ်းလိုက်သည်။

"ကိုယ့်လုပ်နိုင်စွမ်းကို ကိုယ်မသိဘူး"

အနက်၀တ်လူ အေးစက်စက် နှာရှုံ့လိုက်သည်။ သူချင်ကျင်း၏ ယခင် အကြောင်းများအား စုံစမ်းထားခဲ့သည်။ လွန်ခဲ့သည့်တစ်လက ချင်ကျင်းမှာ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံခြင်းအဆင့်သာရှိသေးသော်လည်း မည်သို့သော ဆေးဝါးမျိုးကိုသုံးလိုက်သလဲမသိဘဲ ‌အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်သို့ ရောက်လာခဲ့သည်။ သို့ရာတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် အဆင့်မြင့်မြင့်တော့ သေချာပေါက် မဖြစ်နိုင်ပေ။

ညရောင်က ပြိုးပြိုးပြက်ပြက်လင်းလက်နေသည်။ ချင်ကျင်း ငွေလှံရှည်တစ်ချောင်းအား လွှဲရမ်းနေသည်ကို သူမြင်နေရသည်။ ချင်ကျင်း၏ ခွန်အား မလုံလောက်ကြောင်းကိုသူကောက်ချက်ချလိုက်သည်။ ကျင့်ကြံမှုအဆင့်သည် မြင့်တက်သွားသည်ဆိုသော်ငြား အခြေမခိုင်သေးပါက စွမ်းအားများ ဖြာထွက်နေတတ်သည်။

ထိုသို့တွေးပြီးနောက် ချင်ကျင်း၏ လက်ထဲမှ နဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံကို ဖမ်းယူရန် သူလက်လှမ်းလိုက်သည်။

"ဘွန်း--"

ရုတ်တရက် ဂျင်ငါးထောင်အလေးချိန်ရှိသော နဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံသည် အနက်၀တ်လူ၏ လက်ကို တိုက်ရိုက် ဖြတ်တောက်သွားပြီး သူ့ခန္ဓာကိုယ်ကို ရိုက်မိသွားသည်။ အနက်၀တ်လူ သူ့ခန္ဓာကိုယ် ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။ အလွန်နာကျင်လှသော နာကျင်မှုကြောင့် သူကအသံမထွက်နိုင်တော့ဘဲ သွေးများသာချက်ချင်းအန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က ဘောလုံတစ်ခုလို အဝေးသို့လွင့်ထွက်သွားသည်။

စောက်ရမ်း ရက်စက်တာဘဲ..

ချင်ကျင်းမှင်သက်သွားသည်။ ဘော၊ မင်းလက်တွေကဘယ်လောက်ကောင်းနေလို့ ငွေနဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံကို လက်နဲ့ဖမ်းဖို့ကြံရဲရတာလဲ၊ ဦးနှောက်ပျက်နေတာတော့ မဟုတ်ပါဘူးနော်။

ဂန္တဝင်စနစ်Where stories live. Discover now