ep-8

253 11 8
                                    

မိမိအားချီကာ အပေါ်ထပ်ထိ တက်လာခဲ့ရသူကို အားနာမိပေမဲ့

အခန်းထဲ ရောက်သည်ထိ ကောင်းခြင်းကိုယ်ပေါ်က မင်းမိုရ်မဆင်းချင်သေးပေ

ကောင်းခြင်းက ကုတင်ပေါ်တင်ပေးဖို့ လုပ်တာတောင်

ကောင်းခြင်းခါးကို ကျစ်ကျစ်ပါခွထားကာ
လည်ပင်းကိုလဲ ပို၍တင်းတင်းဖတ်ထားမိသည်

ကုတင်ဆီမှနေ၍ အ၀တ်လဲခန်းဆီဦးတည် နေသူကြောင့်

ချီထားသူကို မော့ကြည်ကာမေးရန်ပြင်လိုက်စဉ်

"အ၀တ်အစားလဲအုံးလေ ဒီပုံစံနဲ့ အိပ်မလို့လား"

ဟုတ်သားပဲ မင်းမိုရ် မနတ်တည်းက ၀တ်ထားတဲ့ အ၀တ်အစားက မလဲရသေးဘူးပဲ

ဒါပေမဲ့ အခုအနေအထားလေးကိုလဲ မင်းမိုရ် မစွန်လွှတ်နိုင်

သူလူမှန်းသိတက်စအရွယ်တည်းက သူအိမ်ကသူအပေါ် လူကြီးတယောက်ပမာဆက်ဆံခဲ့ကြသည်

သူကို လူတကာအလည်မှာ အ‌မွေ
ဆက်ခံမဲ့သူအဖြစ် ပွဲထုတ်ခဲ့ကြပေမဲ့

ထွေးပွေဖို့ မေ့လျော့နေကြပုံပင်

သူကလဲအဲဘ၀နဲ့ အသားတကျနေခဲ့ပေမဲ့
အခုလိုအနေအထားလေးကို တခါတလေတောင်းတမိသည်

နိုင်ငံခြားမှာနေစဉ်ကလဲ

ခမ်းနားတဲ့ အိမ်ကြီး ကောင်းမွန်ပြည်စုံလွန်းတဲ့ အခန်းကြီး

အိစက်ညက်ညောလွန်းတဲ့ အိပ်ယာကြီး အလည် မှာ

နိုးတ၀က်အိပ်တ၀က် ဖြစ်နေသောသူအတွက်စောင်မှတပါး အားကိုးရာ မရှိ

one night stand နေခဲ့ရင်တောင် ထိုအရာက သူအား ပင်ပန်း၍ အိပ်ပျော်သွားစေပေမဲ့

သူအပေါ် အခွင့်အရေး ယူလိုသူတွေကြောင့်
နွေးထွေးမှုဆိုတာ ဘာမှန်းကို မသိခဲ့တာ

ထိုကြောင့် အခုအနေအထားလေး နွေးထွေးမှုလေးကို သူမစွန်လွှတ်နိုင်ပေ

ဤသို့သောအရာများပေးအပ်နေသော ထိူလူသားအား မစွန်လွှတ်နိုင်သဖြင့်

ကပ်တွယ်ကာ ပို၍အားထည်ဖတ်ထားမိသည်

"သန်ရှင်းရေးလုပ်လိုက်ပါလား အိပ်ရတာ သက်တောင့်သက်သာရှိတာပေါ့ ပြီးရင် ပြန်ချီမယ်"

You've reached the end of published parts.

⏰ Last updated: Dec 10, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်၏ အခြားသော နာမဝိသေသနWhere stories live. Discover now