ep-3

607 37 10
                                    

မင်းမိုရ် နဲ့ ချစ်ခြင်း မြိုအစွန်းအဖျားတွေမှာရှိတဲ့ လုပ်ငန်းတွေကို ပတ်ကြည်လိုက်ကြသည်

"မြို့စွန်က သရက်ခြံကို မောင်း"

ကောင်းခြင်း မင်းမိုရ်ရဲ့ ညွန်ကြားမှုကို အထွန်တချက်တောင်မတက်ပဲ ကားကို မြိုပြင်က ​ခြံဆီသာ
ဦးတည်လိုက်ရင်း

"ရော..."

"...."

ကောင်းခြင်း သူဆီ ပစ်ပေးလိုက်တဲ့ အရာတခုကို ကားမောင်းနေလို မဖမ်းနိုင်လိုက်ပေမဲ့

သူပေါင်ပေါ် ရောက်လာတဲ့ ပစ္စည်းကို ကြည်ရင်း
အနည်းငယ်ကြောင်သွားကာ

အဲတာက နာရီလေးတလုံး ကောင်းခြင်း ကားကို ဘေးထိုးချပြီး ခဏရပ်ကာ မင်းမိုရ်ကို ကြည်လိုက်သည်

မင်းမိုရ် ကားစီယာတိုင် ကိုင်ထားတဲ့ ကောင်းခြင်းရဲ့ လက်ကို ကြည်လိုက်မိစဥ်

ကောင်းခြင်း ရဲ့ ဘယ်ဘက်လက်ပေါ်မှာ ဝတ်ထားတဲ့ နာရီကို တွေတဲ့ အခါ ဘာရယ်မဟုတ်

သူစိတ်ထဲ အနည်းငယ်တော့နေသာသွားသည်

အဲနာရီက သူဒီနိုင်ငံ ထွက်ခွာစဥ် လေဆိပ်မှာ သူဝတ်ထားတဲ့ နာရီကို ချွတ်ကာ ကောင်းခြင်းကိုပစ်ပေးလိုက်နာရီဖြစ်သည်

နှစ်ပေါင်းများစွာကြာပေမဲ့ luxury brand မိုလို့
အခုချိန်ထိမရိုးသေးပေ

ဒါပေမဲ့ အဲတာကို အခုချိန်ထိ ဝတ်ထားတဲ့ ကောင်း​ခြင်းနဲ့ဆို အနည်းငယ်သေးသလို ဖြစ်နေလို့ သူလက်က နာရီကို ချွတ်ပေးလိုက်သည်

အဲနာရီကို သူ ဝယ်ထားတာမကြာသေးဘူး လေယာဥ်မပေါ်မတက်ခင် ဝတ်လိုက်တာဖြစ်သည်

သူပေးလိုက်တဲ့ နာရီကို ကိုင်ရင်း သူကို ကြည်လာတဲ့ ကောင်းခြင်း ကြောင့်

မင်းမိုရ် ကောင်းခြင်း လက်ကို ဆွဲယူကာ ဝတ်ထားတဲ့ နာရီကို ချွတ်လိုက်စဥ်

သူမြင်လိုက်ရတာက အညိုရောင် အသားအရေပေါ်
မနေထိလို့ ဖြူနေတဲ့ အရာတခု

အဲအရာက ပစ္စည်းတခုကို ကြာရှည်ဝတ်ထားတဲ့ လူတိူင်းမှာ ထင်တက်သည်

အချစ်၏ အခြားသော နာမဝိသေသနWhere stories live. Discover now