မိုးဒီပ(Arc -7)

Start from the beginning
                                    

"ဟုတ်"

နောက်တစ်နေ...

ကြီးတော်ကမိုးဒီပအားကားဂိတ်အထိလိုက်ပို့ကာတစ်ခုပီးတစ်ခုမှာနေသည်။

"ဘယ်သူ့ကိုမှမယုံနဲ့နော် ပိုက်ဆံအိတ်ကိုလဲလူရှေ့သူရှေ့ထုတ်မကိုင်နဲ့ ဘယ်သူဘာကျွေးကျွေးမစားနဲ့"

"ဟတ်ကဲ့ပါကြီးတော်ရယ် ကျနော်အားလုံးမှတ်ထားပါ့မယ်"

"ကြီးတော်ကစိတ်မချလို့ပါငါ့တူရယ် အော် မေ့တော့မလို့"

ကြီးတော်ကထမိန်စထဲလိပ်ထားစက္ကူထုပ်လေးအားဒီပလက်ထဲထည့်ပေးပီး.....

"ရော့ ဒါကကြီးတော်ရဲ့နားကပ် ဟိုမှာအဆင်မပြေရင်ထုခွဲရောင်းချပေါ့"

"အဲ့လောက်မလိုပါဘူး ကြီးတော်ရဲ့"

"ကြီးတော်ကယူဆိုယူသွားပေါ့အေ အထွန့်တတ်မနေနဲ့ ကိစ္စရှိရင်ရွာလူကြီးဖုန်းကိုဆက်လိုက် နံပါတ်ကိုအဲ့စာရွက်မှာရေးပေးထားတယ်"

"ကျေးဇူးတင်ပါတယ်ကြီးတော်ရယ်"

"အေးပါကွယ်"

မိုးဒီပ ကြီး​တော်ကိုဖက်ကာအလွန်းသယ်ပီးတော့ ကားရောက်လာတာကြောင့်နှုတ်ဆက်ကာကားပေါ်တက်သွားတော့သည်။

(Bunny ဇာတ်လိုက်ရှိတဲ့ကုမ္မဏီလိပ်စာပြော)

( ××× မှာပါ)

(ok)

.......

"မောင် ပင်ပန်းနေပီလား"

"မရဲ့မျက်နှာလေးကြောင့်အမောပြေသွားပီ"

"သိပ်စကားတတ် အဟင်း"

နန်းမြင့်မိုကရန်နိုင်တဲ့ပေါင်ပေါ်တက်ထိုင်လိုက်ပီးရန်နိုင်မျက်နှာအားသူ့လက်ချောင်းများနဲ့ပွတ်သပ်နေဘေသည်။

ဒေါက် ဒေါက်

"ကိုရန်နိုင် ကိုရန်နိုင်ကိုအောက်မှာဧည့်သည်တစ်ယောက်ကတွေ့ချင်လို့ပါတဲ့"

"ဧည့်သည်လား အင်း အခုလာခဲ့မယ်"

"ဟုတ်ကဲ့"

"မ ကျနော်သွားလိုက်အုံးမယ်"

"အင်း ပီးရင်မအခန်းကိုပြန်လာခဲ့နော် မ စောင့်နေမယ်"

Love System (Completed)Where stories live. Discover now