ဒါပေမယ့် သူက သိုသိုသိပ်သိပ် နေနိုင်တာပဲ။ ခုနက ဒီလောက်ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက် ခဲ့တာတောင် သူ့ကို လူအုပ်ကြားတွင် မတွေ့ရပေ။

ရှီးခဲယွဲ့မှာ သူ့ဆီလျှောက်လာနေသော လူကို ကြည့် ရင်း ရှက်စရာကောင်းသော ညကို ပြန်သတိရသွားသည်။ ဒီဈေးပေါတာကို လိုက်ရှာတဲ့ လော့ယန်ချွမ်းကို သူ့သတ်နိုင်ပါစေလို့ ဆုတောင်းမိတယ်။

သူ့ လည်ချောင်းထဲက ဖိနှိပ်ထားသော စကားများမှာ ထုတ်ပြောလုနီးပါးပင်။

သူ့ရဲ့ ဒေါသထွက်နေတဲ့ ရုပ်ထက်စာရင် မမျှော်လင့် ဘဲ လော့ယန်ချွမ်းက ပျော်နေသည့်အမူအရာပြနေသည်။

"သခင်လေးရှီးက အဲ့ညကကိစ္စကို အခုထိ အခဲ မကြေသေးဘူးလား?"

သူက သူ့လက်ထဲက ဝိုင်ဖန်ခွက်ကို ခါလိုက်ပြီး ရုတ်တရက် ရှီးခဲယွဲ့နား ချဉ်းကပ်လာသည်။

"မင်းနဲ့ အတူတူအိပ်ခဲ့တဲ့လူက ကိုယ်ဖြစ်နေလို့ ပျော်သင့်တယ်နော်၊ မဟုတ်ရင် နိုက်ကလပ်မှာ အရက်မူးနေတဲ့ လူရမ်းကားတွေနဲ့တွေ့ရင် မင်း အခုထက်အများကြီး ပိုဆိုးမှာ သေချာသလောက်ပဲ။"

"ဒါက f*ck  buddyနဲ့ တစ်ညတာ ဆက်ဆံရေးပဲလေ။ ကိုယ်တော့ အရမ်းကျေနပ်တယ်၊ ကြည့်ရတာ မင်းလည်းသာယာတဲ့ပုံပါ၊ မဟုတ်ဘူးလား?"

ရှီးခဲယွဲ့သည် ဘာရည်ရွယ်ချက်ရှိမှန်းမသိတဲ့ လော့ယန်ချွမ်းကို စိုက်ကြည့်ရင်း သွားများကို လျှို့ဝှက် စွာ အံကြိတ်မိလိုက်သော်လည်း သူက သူ့ခံစားချက်များကို အခြားသူများရှေ့တွင် အလွယ်တကူ ထုတ်မပြတတ်ပေ။

ရှီးခဲယွဲ့ အနည်းငယ် အသက်ရှုကြပ်လာပြီး ဟန်ဆောင်ပန်ဆောင် မေးလိုက်သည်။

"လော့ယန်ချွမ်း၊  မင်းတကယ်လိုချင်တာဘာလဲ?"

လော့ယန်ချွမ်း ဘေးပတ်လည်ကို ကြည့်လိုက်ပြီး

"ဘာလို့ တခြားနေရာမှာ စကားသွားမပြောမှာလဲ?"

သူတို့က ဓာတ်လှေကားနဲ့ နီး၏၊ တစ်ခါတလေ စားပွဲထိုးတွေက လမ်းလျှောက်လာတ်ကြသည်။တခြားသူတွေက မှတ်မိသွားရင် သိပ်မကောင်းဘူး။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now