အခိရာ(Arc -6.4)

Start from the beginning
                                    

လက်ပ်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့မိုရုကအခိရာလှမ်းခေါ်တော့ချက်ချင်းမော့ကြည့်လာသည်။

"ခုနကမိန်းကလေးကဘယ်သူလဲဟင်"

"ကိုယ်နဲ့အရင်ကစေ့စပ်ထားတဲ့မိန်းကလေး"

*သိတယ် သိတယ် ငါသိပီးသားဟဲ့ နည်းနည်းလေးတောင်မလိမ်ပေးဘူး*

"ဒါဆို ကိုကိုကသူနဲ့လက်ထပ်မှာလား ဟင်"

"မထပ်သေးပါဘူးအသက်ရယ်"

"အခုမထပ်သေးဘူးဆိုတော့ နောက်တော့လက်ထပ်မှာပေါ့ အဲ့လိုလား"

"ဒါကတော့ကိုယ်လဲမပြောတတ်ဘူးအသက်ရဲ့"

*ကိုယ့်ကိုသဝန်တိုနေတာလားအသက်လေး?*

"ကိုကို သူ့ကိုလက်ထပ်လိုက်ရင် အသက်ကဘယ်မှာသွားနေရမှာလဲ အသက်မှာအားကိုးစရာကိုကိုပဲရှိတာလေ"

*လက်မထပ်တော့ဘူးလို့ပြောလေ ကိုကိုရဲ့!*

"စိတ်မပူပါနဲ့ ကိုယ်တို့လက်ထပ်ပီးရင်အသက်ကိုအိမ်တစ်လုံးဝယ်ပေးမှာပါ ပီးတော့ငွေလဲထောက်ပံ့ပေးမယ်"

*ကိုယ့်ကိုမခွဲနိုင်လို့မဟုတ်ပဲ နေစရာမရှိတော့မှာကိုပိုစိတ်ပူနေတာပေါ့ အသက်ကွာ*

"ဟင့်!"

စိတ်ကောက်ကာအိပ်ကာပေါ်လှဲချလိုက်ပီးစောင်ကိုခေါင်းထိဆွဲခြုံသွားတဲ့အခိရာကိုချော့ချင်ပေမယ့်အနှောက်ယှက်ဖြစ်သွားမှာစိုးတာကြောင့်ဘာမှမပြောဖြစ်တော့ပေ။

ထို့အတူစောင်အောက်ကကောင်လေးကလဲသူ့ကိုမချော့ပဲအသံတိတ်နေတဲ့လူကြောင့်စိတ်ထဲမှာအကြီးကျယ်ပေါက်ကွဲနေတော့သည်။

.......

စိတ်ဆိုးကာအိပ်ပျော်သွားတဲ့အခိရာကနိုးလာတော့အခန်းထဲမှာသူတစ်ယောက်ထဲရှိနေတာကြောင့်ဝမ်းနည်းစိတ်ကဝင်လာသည်။

*ဟိုမိန်းမဆီသွားနေတာမလား ကိုကို*

(Bunny)

(ဗျာ host)

(ကိုကိုနဲ့ဟိုမြေခွေးမဘာပြောနေတဲ့နားထောင်ပေး)

(ဗျာ)

(မကြားဘူးလား)

(ကြားပါတယ် သူတို့ကဘာပြောနေရမှာလဲ ဇာတ်လိုက်မကသူ့အခန်းထဲမှာ hostလူကမီးဖိုချောင်ထဲမှာ)

Love System (Completed)Where stories live. Discover now