"ကလေးမမွေးခင် ၃ လ ပြီးတော့ ကလေးမွေးပြီး ၃လပေါ့ ''

အခုဆို နှစ်ဝက်လောက် တောင်ရှိနေပြီပဲ ဖြစ်တယ်။ ဒီကြားထဲမှာ ကျန်းရှုဟာ ရှုပေါ်စုရဲ့ အဓိက ညီလေးကို မထိရသေးတဲ့အပြင် တစ်ဖက်ကလူကလည်း သူ့ကို ဘာမှမလုပ်ရသေးပေ။

သူလည်း ရေချိုးခန်း အပြင်ထွက်လာတော့ ရှုပေါ်စုက ကလေးကိုနို့တိုက်ပြီးသွားလို့ လေတက်စေဖို့ရာ အခန်းတစ်ဝိုက်ကို လမ်းပတ်လျောက်ပြီးတော့ ကျောလေးကို အသာလေး  နှိပ်နယ်ပေးနေလေတယ်။

" သူ့ကိုအစာကျွေးပြီးသွားပြီပေါ့''

ကျန်းရှုက မေးလိုက်တယ်။ သူက အခုမှနိုးတာဖြစ်လို့ ဗိုက်ဆာနေပေမယ့် သူ့သားကို အရင်ဆုံးပွေ့ချီတာ ပိုကောင်းမယ်လို့ စဥ်းစားမိလေတယ်။

" သူ့ကို ကျွန်တော့်ဆီကိုပေး''

" ရပါတယ် ကွာ''

ရှုပေါ်စုက ကလေးကို နောက်ကျောလေးပုတ်ပေး နေရင်းနဲ့ စားပွဲဘက်ကို မျက်နှာနဲ့မေးထိုးပြပြီးတော့ ပြောလိုက် တယ်။

" ကိုယ် မင်းအတွက်မနက်စာ တစ်ခါတည်း ပြင်ပေးထားတယ် နော်။ မြန်မြန်လေး  အရင်ဆုံးစားလိုက်အုံး အစာမခံနဲ့''

ကျန်းရှု တစ်ယောက် ကူကယ်ရာ မဲ့သွားဟန်နဲ့ မတ်တပ်ရပ်ပြီးတော့ ဝတုတ်ဖြူဖွေးတဲ့ စတော်ဘယ်ရီ အသေးလေးကို နမ်းလိုက် တယ်။

" ဖေဖေ လို့ခေါ်''

" ဖွီး.....''

ရှုပေါ်စုက ရယ်ပြီးတော့ ပြောလိုက် တယ်။

" ကလေးတွေကို တစ်နှစ် ၊ တစ်နှစ်ခွဲကျော် လောက်မှ စကားစပြောဖို့ သင်ပးလို့ရမှာလေကွာ။ အဲ့အခါကျမှ မင်းသင်ပေး တာ ပိုအဆင်ပြေတယ် ''

ကျန်းရှု က ရှက်သွားတာကြောင့် သူ့နှာခေါင်းလေးကို ပွတ်လိုက်တယ်။

ကျန်းရှု တစ်ယောက် သူ့ရဲ့မနက်စာကို စားပြီးသွားလို့ ကျို့ထိုးတဲ့အချိန်ရောက်မှ ရှုပေါ်စုကို မေးခွန်း တစ်ခု မေးလေတယ်။

" နာနတ်သီးရေ ခများကော စားပြီးပြီလား ''

ရှုပေါ်စုက သူ့သားကို ပုတ်သိပ်ပေး နေရင်းနဲ့ပြောလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now