Chapter (7.3)

5.4K 810 5
                                    

[Unicode] (7.3)

ရှုပေါ်စုက ထိုကောင်လေးကို လိုက်ပို့ချင်ပေမယ့် သူလေးရဲ့ လမ်းလျောက်နှုန်းက အရမ်းမြန်တာကြောင့် သူ မမှီခဲ့လေဘူး။

" မင်း ဒီနေ့ည ပြန်လာမှာ လား? "

ထိုအသံက အိုဟောင်း နေတဲ့ ကော်ရီဒါ တစ်လျောက်မှာပဲ့ တင်သံ ထွက်လာခဲ့တယ်။ ဒါပေမယ့် ထိုမေးခွန်းကို ပြန်ဖြေမယ့် သူတော့ မရှိခဲ့ပါဘူး။

ရှုပေါ်စု က သူ့ကိုယ်သူ တွေးကြည့် လိုက်တယ်။ တစ်ဖက်လူက သူ့ကို အိမ်မှာ စောင့်နေလို့ပြောလေ။ ဆိုတော့ သူက ညနေကျရင်တော့ ပြန်လာလောက်မှာပါလေ။ ဒါ့ကြောင့် ရှုပေါ်စု က ကျန်းရှု ဆီကို မက်ဆေ့ချ် ပို့လိုက် တယ်။

" မင်း ဒီည ဘာစား ချင်လဲဟင်?  အချိန်ရ ရင်ကိုယ့်ဆီကို ပြန်လာခဲ့ပါနော် ''

ကျန်းရှု တစ်ယောက် တက္ကစီပေါ် ရောက်နေပြီ မို့ ဖုန်းကို ထုတ်ကြည့်လိုက်တယ်။ သူက အခုအရမ်း ကိုစိတ်ရှုပ် နေတဲ့ အခြေအနေကို ရောက်နေလေတယ်။

ဒီလူက ဘာဖြစ်နေ တာလဲ။

သူတို့က တစ်ကယ့်် စုံတွဲတွေလို ပြုမူနေကြတာလား ။

အမှန်အတိုင်း ပြောရရင် သူတို့က ဟန်ဆောင် လက်ထပ်ထားတာပဲကို။

ကျန်းချူနမ် က သူ့ကိုပြောတာ မှန်တယ်။

သူက အရမ်းကို စောက်ရမ်း မိုက်မဲတယ် တဲ့လေ။

ဟင့်အင်း ပါနော်။ ရှောင်ကျန်းလေးက ဒီနေ့ကစပြီး တော့ မိုက်မဲတဲ့ လူချောလေး မဟုတ်တော့ပါနော်။

" ညကျရင် ကိုယ့် ဘာသာကို စားလိုက်တော့။ ကျွန်တော် အလုပ် ရှုပ်နေတယ်။ ''

သူ ဒီလိုလုပ်မှ ဖြစ်မယ်။

ကောင်းကင်ကြီးက ကျယ်ပြန့် ပါတယ်လေ။ ဆိုတော့ တစ်ဖက်က လူကိုလည်း အတောင် ဖြန့်ခွင့်ပေး ရမယ် ။ပြီးတော့ သူ့ကိုယ် သူလည်း အတောင်တွေ ဖြန့်ကားရမယ်။ ပြီးတော့ ကောင်းကင် ကြီးထဲမှာ လွတ်လပ်စွာ တစ်ယောက် ချင်း ပျံသန်းကြတာပေါ့လေ။

ရှုပေါ်စု က စာတို ထပ်ပို့လာတယ်။

" ကိုယ် ညကျရင် ကိုယ်ပိုင် စာကြည့်ချိန် မရှိဘူး။ ကိုယ်ဘယ်လို လုပ်ရမလဲ? "

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now