လမ်းတူတူလျှောက်လာရင်း နှစ်ယောက်သားတိတ်ဆိတ်သွားပြန်၏။'ဂန်ဟန်'မသိမသာအကဲခတ်မိတော့ မျက်နှာမကောင်းနေသည့်သူမကိုစိတ်ပြောင်းအောင်

'အိမ်လိုက်ပို့ပေးမယ်'

'ရပါတယ် သိရဲ့လားအမကမင်းထပ်၂နှစ်ပိုကြီးတဲ့သူပါ အိမ်ပြန်တတ်ပါတယ်'

'မပြန်တတ်မှာစိုးလို့လိုက်ပို့တာမဟုတ်ပဲ စိတ်မချလို့ပို့တာပါ၊ဒီဘက်တွေကလူရှုပ်တယ်၊ဒီရက်ပိုင်းအလုအယက်တွေဒီလောက်များတာ၊ဒီကြားထဲတို့ဆေးနဲ့အမကိုခေါ်သွားရင် ခုလိုစိတ်နဲ့ကိုယ်နဲ့မကပ်နေပုံနဲ့ဆိုပါသွားမှ'

ထိုခါကျမှ'ခြယ်'ပြုံးသွားသည်။

'အမလေးမသိရင် သူကလူကြီးလေးကျနေတာပဲနော် ဟားဟား၊ဒါနဲ့ ညီမကရော ဘယ်နားမှာနေတာလဲ'

'ဒီနားမှာပဲနေတာ'

'တစ်ကယ်တမ်းကျညီမကခင်ဖို့ကောင်းပါတယ်'

'ခင်သွားပီမို့သဘက်ခါကျလာခေါ်မယ်'

နှစ်ယောက်သားစကားပြောရင်း 'ခြယ်' တို့တိုက်အောက်သို့ရောက်လာ၏။

'ဒါနဲ့အမအခန်းကဘယ်ဟာလဲ'

'ဟိုးမှာတွေ့လား ခြောက်ထပ်ကဝရံတာမှာအပင်လေးတွေစိုက်ထားတာ၊အဲ့တာ အမအခန်း'

လှမ်းကြည့်လိုက်တော့မီးလုံးအဖြူနှင့်တိုက်အဖြူတို့ကြောင့် ညမှာတောင်ထင်ဟပ်နေသော
စိမ်းစိမ်းစိုစိုအပင်လေးတွေနှင့်။

'အဲ့တာဆိုပြန်တော့မယ်'

'အင်းအင်းဂရုစိုက်ပြန်'

'ဂန်ဟန်'လမ်းထိပ်ရောက်တဲ့အထိ'ခြယ်'အပေါ်မတက်ပဲ လှမ်းရပ်ကြည့်နေသည်။လမ်းထိပ်ရောက်မှ 'ဂန်ဟန်' လှည့်ကြည့်လိုက်တော့ တာ့တာတောင်လှမ်းပြနေသေး၏။

'ဂန်ဟန်'လဲပြုံးတုန်းတုန်းနှင့်ကွန်ဒိုသို့ပြန်လာခဲ့သည်။

'ဘယ်ကပြန်လာတာလဲငါ့တူမ'

'ဒီနားခနသွားတာလေးငယ် ဟီးဟီး'

'အမယ် ပြုံးလို့ရွှင်လို့ပါလား၊ပျော်စရာကိစ္စရှိပုံရတယ်'

'အယ်မဟုတ်တာ အဲ့တာဆိုသမီးသွားပီနော်လေးငယ်'ဟုပြောကာလုံခြုံရေးဦးလေးကြီးကိုနှုတ်ဆက်ပီးဓာတ်လှေခါးထဲသို့ဝင်သွား၏။

"ခြယ်"Where stories live. Discover now