3.Side Effect⚠️

Start from the beginning
                                    

အဲ့တုန်းက ထယ်ပြောတာကို နားမလည်ခဲ့ဘူး ပြီးမှထယ်က အကုန်ပြောပြမှ ပါးစပ်ဟောင်းလောင်းနဲ့
အံ့သြခဲ့ရသေးသည် လူလောကကြီးမှ
ဒါမျိုးလူလဲရှိသေးတာကိုး

အဲ့နောက်ပိုင်း ကျောင်းမှာပဲ စာကိုရအောင်လုပ်တယ် အိမ်စာမပါအောင်ထိ အားရင်အားသလို
ကျောင်းမှာပဲ စာလုပ်နေတတ်တယ်
ညနေကျောင်းဆင်းရင် ထယ်နဲ့ လမ်းလျှောက်ထွက်တယ် စကားတွေအများကြီးပြောရတယ်
တစ်ခါတစ်လေ ကျောင်းကနေအိမ်ပြန်
နောက်ကျလို့ ထယ်နဲ့ချိန်းထားတာ နောက်ကျရင် လူကိုစိတ်ကောက်တတ်သေးသည်

စာမေးပွဲတွေဖြေပြီးတော့ ထယ်ကို ဖွင့်ပြောခဲ့တယ် ထယ်က စဉ်စားပေးမယ်လို့ပြောလို့ ဝမ်းသာရသေးသည် မငြင်းရင်ပီးရော
နွေရာသီကျောင်းပိတ်တင်မဟုတ်
တက္ကသလိုလ်တက်ဖို့ပါ စောင့်ရတဲ့
အတွက် အချိန်ကတစ်နှစ်ကျော်မျှ
ကြာသည် အဲ့တွင်လဲ ထယ်နဲ့ဖုန်းပြော
မပြတ်သလို အမြဲလဲတွေ့ဖြစ်သည်

ကျတော်ပထမနှစ် ထယ်တတိယနှစ်
အဟမ်း အဖြေရတဲ့နှစ်ပေါ့ Jkကျောင်းကို အိမ်ကဝယ်ပေးတဲ့ ဆိုင်ကယ်လေးနဲ့ လာလိုက်တယ်
ထယ်ကိုလဲ အဆောင်မှာ ဝင်ခေါ်လိုက်တော့ စောင့်ရတာ တနှစ်ဆိုတော့ စိတ်မရှည်တာနဲ့
ကျောင်းမသွားပဲ နီးစပ်ရာBarတစ်ခုကို
ဝင်ပြီးအခန်းငှားလိုက်သည် အနောက်ကနေ အူတူတူလေး
လိုက်လာခဲ့တယ်

ကိုယ်ကတန်းဖိုးထားလို့ပေါ့ တခြားကောင်တွေသာဆို ချုံထဲဆွဲခေါ်သွားမှာ

< ကျောင်းမသွားဘူးလား ဒီကဘာလုပ်ဖို့ ဝင်တာလဲ >

< လုပ်တာကလုပ်မှာ လိုချင်တဲ့အဖြေရရင် မလုပ်ဘူး အဖြေက ဘယ်တော့ပေးမှာ >

< မင်းကအဖြေတောင်းတာလား အကြွေးတောင်းနေတာလား >

< ကျတော်လိုချင်တဲ့အဖြေက ခင်ဗျာဆီမှာ အကြွေးတင်နေတာလေ >

< ငါက စဉ်စားအုန်းမှာ >

< စဉ်စားအုန်းမယ်ပေါ့ >

< အင်း >

< သေချာတယ်ပေါ့ >

< သေချာတယ် >

Jkလဲ စိတ်ကိုဒီထပ်လဲဆွဲမဆန့်နိုင်တာနဲ့
သူဘေးထိုင်နေတဲ့ ထယ်ကို ပေါင်ပေါ်ကောက်တင်လိုက်ပြီး လည်ပင်တွေကို အားနဲ့ကြိတ်ကိုက်လိုက်တယ်

⚠️ Sex Parallel // (Taekook One Shot Collection)Where stories live. Discover now