Chapter (42)[Final]

Start from the beginning
                                    

" မဆော့ရဘူး ''

" သူ့တို့တွေ ဆော့ကြရင် ကိုယ်တို့ကအပြင်ကို ထွက်ကြည့်လို့ရတယ်လေ။ အိုကေလား''

ကျန်းရှုက တကယ်ကြီးဆော့ ကစားချင်နေခဲ့တယ်။

ဒါကြောင့်မို့ ရှုပေါ်စုက သူတို့ အတွက် မီးပန်းတုတ်ချောင်းအသေးလေး * ယူလာပြီးတော့ ဝရံတာကိုအတူတူထွက်ကာ မီးညှိပေးလိုက်တယ်။

( ရှောင်းကျန့် မွေးနေ့မှာကိုင်ပြီးရိုက်ထားတဲ့ မီးပန်းလေးလေ ကိုယ်မရေးတက်)

" ငါလိုး''

ကျန်းရှုက အမဲရောင် ကောင်းကင်အောက်က မီးပွားမီးပန်း အသေးလေးတွေကို ကြည့်ရင်းပြောလိုက်တယ်။

" ကျွန်တော် ဆော့ဘူးသမျှထဲမှာ ဒီမီးပန်းက အသေးဆုံးပဲ''

ရှုပေါ်စုက ဝရံတာမှာ တစ်ခြားသူရှိသေးလား ဒါမှမဟုတ် အိမ်ခန်းထဲကနေ တစ်ခြားသူတွေ ထွက်လာသလားဆိုတာကို ကြည့်လိုက်တယ်။

" စိတ်မပူ ပါနဲ့ သူတို့က မာကျောင် ဆော့နေကြတုံးပဲ''

ကျန်းရှုက ပြောလိုက် တယ်။

" ပျော်ရွှင် စရာ တရုတ်နှစ်သစ်ကူးလေးပါ စတော်ဘယ်ရီလေးရေ''

ရှုပေါ်စုက အနားကိုတိုးကပ်လာကာ ကျန်းရှုရဲ့ နှုတ်ခမ်းလေးတွေကို ဖိကပ်ပြီးတော့မှ ပြောလိုက်တယ်။

" ကိုယ်မင်းကို ချစ်တယ်။ ကိုယ်မင်းကို ချစ်တယ်လို့''

ကျန်းရှုကလည်း ပြန်နမ်းလိုက်ပြီးတော့ ပြောလိုက်တယ်။

" ကျွန်တော် လည်း ခများကို ချစ်ပါ့ဗျာ။ ခများကြီးကိုလည်း ချစ်ပါတယ်လို့''

" ဒီ နှစ်သစ်ကူး ပြီးလို့ နွေဦးပွဲတော် ရောက် သွားရင် ဘာတွေဆက်ဖြစ်မလဲဆိုတာကို မင်းလေးတွေးဘူးလား ''

ရှုပေါ်စုက ကျန်းရှုရဲ့ ပုခုံးလေးကို ဆွဲဖက်ကာ အချင်းချင်း မှီထားကြရင်း ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးကို ကြည့်နေခဲ့တယ်။

" အင်း အဲ့အချိန် ကျရင် စတော်ဘယ်ရီ ပါက်စလေးက ကိုယ်တို့ကို အဖေလို့တောင် ခေါ်နေလောက်ရော ပေါ့နော်''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now