Chapter (42)[Final]

Start from the beginning
                                    

သတင်းချန်နယ်တွေက အတော်လေးကိုကောင်းတယ်။ ဒါပေမယ့် သူတို့က ငါတွေ့နေကျလူတွေကိုပဲ အင်တာဗျူးနေကြတယ်။ ဒီတော့ငါလည်း အဲ့ချန်နယ်တွေကို ကြည့်ရတာပျင်းလာပြီ။ }

နာမည်ကြီး ကြယ်ပွင့် ကျန်းချုနမ် ၊ အင်တာနေရှင်နယ် ထိပ်တန်း မော်ဒယ် ရှုယုချင် ပြီးတော့ စီးပွားရေး လောကထဲက အမျိုးသား တစ်ယောက် ။

အဲ့လူတွေ အကုန်လုံး က သူတို့နယ်ပယ်ထဲမှာတော့ တစ်ခြားလူတွေထက် ကျော်ကြားတာ လျှမ်းလျှမ်းတောက်ပဲ။ ဒါပေမယ့် အခုတော့အဲ့ လူတွေက ကျန်းရှုဘေးမှာ ထိုင်ပြီးတော့ အတူတူ ဆော့ကစားနေကြတယ်လေ။

" အိုကေ ၊ ကျွန်တော် ဆက်ပြီးတော့ မတိုက်နိုင်တော့ဘူး။ ''

နေရာ တစ်ခုက လစ်လပ်သွားတဲ့ အချိန်မှာတော့ ကျန်းရှုက မေမေရှုကို တိုက်ရိုက် ပြောလိုက်တယ်။

" အမေ လာပြီးတော့ တိုက်တော့''

မေမေရှုရဲ့ အမှီးလေးက ပျော်လွန်းလို့ မိုးပေါ်တောင်ထောင်နေခဲ့တယ်။ သူမခံစားရတာတော့ ဒီရက်ပိုင်းအတွင်း ကျန်းရှုက အတော်လေးရှုံးနေတယ် ဆိုတာကိုပေါ့။

ဒီလိုမှမဟုတ်ရင် ကျန်းရှုက သူမကို အားကိုးဖို့ ခေါ်မှာမဟုတ်ဘူးလေ။

" ဟားဟား အမေက မင်းရဲ့ ပိုက်ဆံတစ်ဝက်ကို နိုင်ပြီကွ''

ပြောရရင် တော့ ကျန်းရှုက ဟိုဘက် ကိုလှည့်လှည့်ချင်းမှာပဲ မေမေရှုရဲ့ မာကျောင်တုံးတွေကို ချက်ချင်း တွေ့သွားတယ်လေ။

" ပင်ပန်း နေပြီလား''

ရှုပေါ်စုကတော့ ဗိုက်ကြီးသည် နားမှာထိုင်ပြီးတော့ လက်တစ်ဖက်နဲ့ ဂရုတစိုက် လေးကိုင်ကာမေးလိုက်တယ်။

" အပေါ်တက်ပြီးတော့ အနားယူကြရအောင်လေကွာ နော်''

" ဟင့်အင်း မတက်ချင်ဘူး လို့ ၊ မနားချင်သေးပါဘူး''

ကျန်းရှုက ပင်ကွင်းလေး တစ်ကောင်လို ရှောင်ဖယ်လိုက်ပြီးတော့ ရှုပေါ်စု ကိုကြည့်ကာ ပြောလိုက် တယ်။

" ကျွန်တော် က မီးရှုးမီးပန်း တွေနဲ့ကစားချင်သေးတာ''

ကံကောင်းစွာနဲ့ပဲ ဘယ်သူကမှ ထိုစကားကိုမကြားလိုက်ပေ။ ရှု မိန်းမချစ် ပေါ်စုက ခေါင်းကိုခါကာ ပြောလိုက် တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now