အပိုင်း(၃၄)

Start from the beginning
                                    

တခဏအကြာမှ သူမပြုံးလိုက်မိသည်

"အိုကေ ကျွန်မ ရှင်တို့ကိုယုံပါတယ်"
အက်စတယ်လာပြောရင်း သူမလက်တွေကို အပြင်းအထန်ခါရမ်းလိုက်သည်

"အနိုင်ကျင့်တာက အကြမ်းဖက်တာပဲ ဒါကြောင့် အခုချိန်ကစပြီး ဒီလိုမျိုးတွေ ဘယ်တော့မှ မလုပ်ပါနဲ့တော့ အိုကေ?"
ဂန်းစတား1,2နဲ့ 3တို့က သူတော်ကောင်း 1,2နဲ့3ဆိုပြီး ချက်ချင်းပြောင်းလဲသွားကြသည်

"ကျွန်တော် ကတိပေးပါတယ်"

"ကျွန်တော်လဲ ကျိန်ပါတယ်"

"ကျွန်တော်လဲ အလေးထားပါမယ်"
ဂန်းစတားတွေက သူတို့သွေးနဲ့ ချရေးထားသလို ပြင်းပြတဲ့အကြည့်နဲ့ ပြန်ဖြေလာခဲ့သည် အက်စတယ်လာက သူမရဲ့အိတ်ထဲရှာဖွေ‌လိုက်ပြီး သူတို့ကို သကြားလုံးတစ်ချို့ပေးလိုက်သည်

"ရော့ စားကြ ရှင်တို့သုံးယောက်က အချိုကြိုက်တယ်လေ"
ထိုလူဆိုးသုံးယောက်မှာ မျက်ရည်ပူတွေဝဲလာတော့သည် မသိရင် နတ်ဘုရားမဆီက လက်ဆောင်တစ်ခုရလိုက်သလိုပင်

"ရှင့်တို့မမေ့ရဘူးနော်"

"ကျေးဇူးပါ သူတော်စင်"

"ဒီဟာကို အမွေအနှစ်အဖြစ်သတ်မှတ်ပြီး မျိုးရိုးစဉ်ဆက် ထိန်းသိမ်းသွားပါမယ်"
ကမ္ဘာပေါ်မှာ ရှိသမျှအပြစ်တိုင်း ကျူးလွန်ခဲ့ဟန်ရှိသော ထိုကြောက်စရာယောကျာ်းသုံးယောက်က သူတို့လက်ထဲမှသကြားလုံးလေးတစ်ခုအတွက်နဲ့ ငိုကြွေးနေတဲ့မြင်ကွင်းက

..... အံဖွယ်မြင်ကွင်းတစ်ခုဖြစ်ခဲ့သည်

ထို့နောက် သူတို့က ကားလစ်ကို သူတော်စင်ရဲ့တွဲဖက်မှန်းမသိခဲ့တဲ့အတွက် အကြိမ်ကြိမ် ခေါင်းကိုဦးညွှတ်ပြီး တောင်းပန်စကားပြောခဲ့ကြသည်
သူတို့သုံးယောက် သူမရဲ့မြင်ကွင်းကနေမပျောက်ကွယ်ခင်အချိန်အထိ အက်စတယ်လာက လက်တွေ ဝှေ့ယမ်းပြခဲ့ပြီး သူတို့ကိုမမြင်တော့တဲ့အခါကြမှသာ လက်ကိုအောက်ချလိုက်သည်
ကားလစ်က ထိုမြင်ကွင်းကိုငေးမောကြည့်ကာ သက်ပြင်းချလိုက်လေသည်

"အံဩစရာပဲ မင်း အဲ့လိုမိမစစ်ဖမစစ်တွေနဲ့တောင် ဘယ်လို သိနေရတာလဲ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now