ရှားမစ်(Arc -5.1)

Start from the beginning
                                    

ဂီးး ဂါးး

အလုံပိတ်တိုက်ခန်းဖြစ်တာကြောင့်ထိုအသံကပဲ့တင်သွားပီးအနီးနားကzombieများကအသံကြားတာဆီသို့ပြေးလာကြတော့သည်။

"ပြေးတော့အသက်!"

ရှားမစ်လဲအပေါ်ဆုံးထိတက်သွားကာတွေ့တွေ့ချင်းအခန်းကိုဆွဲဖွင့်ကြည့်ပေမယ့်ပွင့်မလာပေ။

"ကျစ် အထဲကလော့ချထားတာပဲ"

ဘေးအခန်းတေကိုကြည့်လိုက်တော့လဲအားလုံသော့ခတ်ထားတာကြောင့်စိတ်ညစ်သွားသည်။ထိုအချိန်သူ့အနားပြေးလာတဲ့zombieတစ်ကောင်ကြောင့်လက်ထဲကဂေါက်တံနဲ့ရိုက်ချလိုက်သည်။ထို့နောက်လမ်းထောင့်ဆုံးမှzombieအုပ်လိုက်ကြီးပြေးလာတာတွေ့လိုက်ရတော့...

"ဟာ ချီးပဲ!"

ဒုန်း ဒုန်း

"အထဲမှာဘယ်သူရှိလဲ တံခါးဖွင့်!"

"အပြင်မှာလူထင်တယ်"

"ဒီတစ်ရုံးလုံးခွေးရူးပြန်နေတာ ဘာလူမှမရှိဘူး တံခါးမဖွင့်နဲ့!"

အထဲကထွက်လာတဲ့အသံများကြောင့်ရှားမစ်လဲအားတက်သွားပီး...

"အထဲကလူရှိရင် တံခါးဖွင့်ပေးပါ!ကျနော်တို့ကလူတေပါ!"

"လူတေတဲ့ တံခါးဖွင့်ပေးလိုက်ရအောင်!"

"ဖွင့်ရဲ ဖွင့်ကြည့်!"

ရှားမစ်လဲတံခါးလက်ကိုင်ကိုအတင်းဆွဲလှည့်ကာအော်ပြောနေပေမယ့်အထဲကလူတေကခုထိမဖွင့်ပေးသေးပေ။တဖြည်းဖြည်းzombieအုပ်ကြီးကနီးလာတာကြောင့်ကြောက်စိတ်ကပိုလာသည်။ထိုစဉ်သူ့အနားကိုအရင်ရောက်လာတဲ့zombieကိုရိုက်ရန်ပြင်လိုက်စဉ်....

ဒုတ်..

အနောက်မှသူ့ထက်အရင်ရိုက်လိုက်တာကြောင့်လှည့်ကြည့်လိုက်တော့...

"ကိုကို!"

"နောက်ဆုတ်အသက်!"

ပုခုံးပေါ်က ကလေးမလေးကိုသူ့လက်ထဲထည့်ကာလာသမျှzombieတေကိုဒိုင်ခံတိုက်ခိုက်ပေးနေတဲ့ခွန်းထစ်ကတဖြည်းဖြည်းမောလာဟန်ရှိသည်။

"တံခါးဖွင့်!"

ဒုန်း ဒုန်း

"မား!"

Love System (Completed)Where stories live. Discover now