အပိုင်း (၉)

Start from the beginning
                                    

သူဆင်မြန်းတဲ့ ဖိနပ်နီနီ
နေရာခဏလဲချင်သည်။
ကြင်နာသူလေး ခလုတ်မထိဖို့ ကိုယ်ကြိုးစားမည်။
ရင်မှာဒီလောက်ချစ်ပါသည်။ ဘာမဆိုကိုယ်အဆုံးရှုံးခံမည်။အလှမ်းဝေးတဲ့ ပန်းကလေးမြနှင်းဆီ....

ကျောင်းသွား ကျောင်းပြန် အချိန်မှန်အမြဲစောင့်လို့ကြည့်သည်၊ သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်၊ သူ့အပြုံးလေးများမြင်ရင်အပျော်လွန်ပြီး အိပ်မရတော့ပြီ။ သိပ်ချစ်တဲ့အကြောင်းကို ကဗျာတွေရေးမည်။🎶

ဒီလိုနဲ့ နောက်ထပ်လာတော့မည့် ထီးနီနီတွေအကြောင်းကို ပုံဖော်မိရင်း ငယ်သည် ဖေဖေ့သီချင်းသံတွေကြားမှာပဲ အိပ်ပျော်သွားတော့သည်။ အိပ်ပျော်သွားသည့်အချိန်မှာ ငယ့်စိတ်တွေက ဖေဖေ့သီချင်းသံလေးကြောင့် အရင်လိုပဲ ဖြစ်မြဲအတိုင်း အေးချမ်းလို့နေတော့သည်။

ကြည်လင်နေသော သမီးငယ်လေး၏မျက်နှာကို ကြည့်ရင်း ဦးကိုကိုဦးပြုံးမိသည်။ သမီးငယ်လေး၏ မျက်နှာပေါ်မှာ စင်ကျနေသော ဆံနွယ်တချို့ကိုနားရွက်နောက်သို့ပို့ပေးရင်း သူ့မှာကားမောင်းရင်းကနေပဲ အိပ်နေသောသမီးငယ်လေးကို နမ်းရှိုက်မိသည်။

အိမ်ထောင်သည်ဘဝတွင် ပထမဆုံးအကြိမ်အဖြစ်ရခဲ့သော အမွှာသားနှစ်ယောက်ကို ငယ်ရွယ်စဥ်မှာပဲ ဆုံးရှုံးခဲ့ရပြီး နောက်ဆုံးမှရရှိလာသည့် ဒီရင်သွေးဟာ ကိုကိုဦးဆိုသောသူ့အတွက်တော့ အမြဲကြည်လင်စေချင်သည့် ရပ်ဝန်းပင်ဖြစ်သည်။

သမီးငယ်လေးကို အေးအေးချမ်းချမ်းနဲ့ အခုလိုအမြဲအပူအပင်ကင်းကင်းနဲ့ ရှင်သန်စေပါသည်။ လောကမှာ အပူပင်အကင်းဆုံးလူသားအဖြစ် ထားချင်သည်။

"သမီးငယ်လေး....."

ကြင်ကြင်နာနာနဲ့ပဲ နှိုးလိုက်တော့ ပွင့်ဟလာသည့် မျက်ဆံအနက်နက်တို့က လောကကြီးမှအညစ်အကြေးတို့ ကင်းစင်လျက်သိပ်ကို ဖြူစင်လွန်းပါသည်။

"ရုံးခန်းကို သွားရအောင်...."

"ဟုတ်ကဲ့ ဖေဖေ...."

အိမ်ရာကနေနိုးနိုးချင်းမှာ မြင်လိုက်ရသည့် ရေပြင်နှင့် ထိုမှဖြတ်သန်းလာလေသော အေးမြလက်ဆတ်သည့်လေထုက ငယ့်ကို ပျော်ရွှင်စေတာအမှန်ပင်။

အချစ်ဦး (Completed)Where stories live. Discover now