အပိုင်း(၃၃)

Start from the beginning
                                    

ကားလစ်ရဲ့မထင်မှတ်ထားတဲ့ချီးကျူးစကားကြောင့် အက်စတယ်လာမျက်နှာမှာ ရှက်ရွံကြောင့် အရောင်တွေတောက်လာခဲ့သည်
"ကျွန်မတို့ကို ကူညီပေးတဲ့ စေတနာ၀န်ထမ်းတွေနဲ့ ချီးကျူးစရာကောင်းတဲ့ ‌ဘုန်းတော်ကြီးတွေကြောင့်ပါ"
"မင်း သူတို့ကို အသိအမှတ်ပြုပေးစရာမလိုပါဘူး ဒီစင်တာကို ဘယ်သူမှစိတ်မ၀င်စားတဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုအလယ်မှာ လာဆောက်ခဲ့တာကလဲ မင်းတစ်ယောက်ထဲပဲ"
ထိုအရာက ကားလစ်ပြောလိုက်သည့်စကားပင်

ဆေးရုံစင်တာကို  အနိမ့်ဆုံးလူတန်းစားတွေရှိတဲ့နေရာမှာ ဆောက်မယ်လို့ ပြောခဲ့တုန်းက လူတိုင်းက အက်စတယ်လာကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်
အင်ပါယာရဲ့ အဆိုးဆုံးရပ်ကွက်မှာ ဆေးရုံစင်တာတစ်ခုဆောက်ချင်ခဲ့တဲ့အတွက် အက်စတယ်လာဟာ ရူးနေပြီဟု ခေါင်းစဉ်တပ်ခံခဲ့ရသည် ပေါင်မုန့်အလုံးလေးတစ်ခုအတွက်နဲ့ လူ‌‌ကိုတောင် သတ်နိုင်တဲ့ လူတွေ ဝိုင်းရံနေသော‌ထိုနေရာမှာ ရှင်သန်နိုင်ဖို့ နည်းမရှိပေ မလည်ပတ်နိုင်ရင်တောင်မှ အဲဒီလူတွေဟာ မင်းရဲ့စေတနာကောင်းအတွက် ကျေးဇူးတင်ရှိမှာမဟုတ်ပေ
ဒီနေရာမှာရှိတဲ့လူတွေက သူတပါးရဲ့ စေတနာကို တန်ဖိုးမထားနိုင်လောက်အောက် နိမ့်ပါးကြသူများပင်

ဒါပေမဲ့ သူတို့ထင်နေတာ မှားခဲ့ကြသည်
အက်စတယ်လာ ပန်းမြက်စံအိမ်ကို ဖွင့်ခဲ့သည်မှာ သုံးနှစ်ပင်ရှိခဲ့ပြီဖြစ်သည် ဒီနေရာက အကြမ်းဖက်မှုတွေရှိတဲ့ ရပ်ကွက်တွေထဲမှာ အငြိမ်းချမ်းဆုံးနေရာတစ်ခုဖြစ်လာခဲ့သည်
ထိုအရာက အက်စတယ်လာပြုလုပ်ပေးခဲ့သော အောင်မြင်မှုတစ်ခုပင်

ကားလစ်ကဆက်ပြီး
"ဒါကြောင့် တော်၀င်ငွေကြေးနဲ့ ညိနှိုင်းပြီး ရပ်ကွက်တွေကို ပြန်ပြင်ဖို့ ငါ ကြိုးစားနေတာ အစမှာတော့ ဘာမှ သိပ်ပြောင်းလဲမှာမဟုတ်ပေမဲ့ ငါ နည်းနည်းချင်းစီ ပြောင်းလဲအောင်လုပ်သွားမှာ ဒီနေရာက တဖြည်းဖြည်းနဲ့ တိုးတတ်လာလိမ့်မယ်"

'ဘယ်လောက်တောင် ထူးခြားလိုက်သလဲ'

အခုချိန်မတိုင်ခင်အထိ ဒီဆင်းရဲသားရပ်ကွက်များဟာ မြို့တော်ရှိ ကင်ဆာအလုံးများအဖြစ်ဆက်ဆံခံခဲ့ရသည်
တော်၀င်မိသားစုတွေနှင့် အထက်တန်းလွှာတွေက ဒီလိုဆိုးရွားတဲ့နေရာကို အဝေးကို လွှင့်ထုတ်ပစ်ဖို့ အချိန်တိုင်းဆွေးနွေးကြသည် ဒါပေမဲ့ အခုတော့ ကားလစ်က သူဒီနေရာကို ပြန်ပြင်ဆင်ချင်သည်ဟု ပြောလာလေသည် တခြားသူမဟုတ်ပေမဲ့ အိမ်ရှေ့စံမင်းသားကလေ အင်ပါယာမှာ ဧကရာဇ်ပြီးရင် ဒုတိယအာဏာအရှိဆုံးသူလေ

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now