"ဒီမှါ..."

ဘတ်ဟျွန်းခေါ်တော့ သူက သင်္ဘောလေးကို ကိုင်ထားရာကနေ လှည့်ကြည့်လာတယ်။

" သင်္ဘောကို သဘောကျလို့လား ..."

"မကျဘူး"

စကားကို တုံးတိတိပြောကာ ဒေါက်ခနဲ ပြန်ချလိုက်တာကြောင့် ဘတ်ဟျွန်းရဲ့ သင်္ဘောလေးတောင် ယိုင်ခနဲ။ ဘာလဲ။ ဒါလေးမေးတာကို သူက ဘာကိစ္စ စိတ်ဆိုးသွားရတာလဲ။
ဘတ်ဟျွန်းလဲ သူ့ကို ကရုမစိုက်တော့ပဲ အဖေ့ကိုသာ ထမင်းစားဖို့ သွားခေါ်လိုက်တော့တယ်။ ကရုစိုက်လဲ အဲ့ဒီမြို့ကြီးသားက အချိုးပြေမှာမှ မဟုတ်ပဲ...

အဲ့လိုနဲ့ ဘာမှ ဖွယ်ဖွယ်ရာရာမပါတဲ့ ထမင်းဝိုင်းမှာ အဖေရယ် ဘတ်ဟျွန်းရယ် အပြင် ပတ်ချန်းယောလ်လို့ ခေါ်တဲ့ ဂျစ်တစ်တစ်မျက်နှာထားနဲ့ ကောင်လေးတစ်ယောက်ပါ အပိုဆောင်းလို့ ပါလာတယ်။ ဘာမှလဲ ဟုတ်တိပတ်တိမစားပါပဲ ဟင်းတိုင်းကိုလဲ မြည်းတယ်။ မကြိုက်ဘူး ကြိုက်တယ် အမည်ဖော်လို့မရတဲ့ မျက်နှာပေးနဲ့ပဲ သူက တို့တိတိနဲ့ ဘတ်ဟျွန်းခူးပေးထားတဲ့ ထမငိးပန်ကန်လုံးကို ကုန်စင်အောင်တော့ စားသွားပါတယ်။

စားသောက်ပြီးကြတော့ ဘတ်ဟျွန်းကပဲ သူ့ကိုလမ်းပြပြီး ပြန်ခေါ်ပေးရတယ်။ သူ့ရဲ့ အိမ်က ဘတ်ဟျွန်းတို့ ကစားနေကျကစားကွင်းရဲ့ ညာဘက်စွန်းစွန်းက နှစ်ထပ်တိုက်ပုလေးဖြစ်တယ်။ အဲ့ဒီတိုက်ပုလေးက ဘတ်ဟျွန်းတို့ကလေးတွေ အမြဲ ပန်းခိုးခူးနေကျအိမ်လေး။ ခြံစည်းရိုးဘေးမှာ ပန်းရောင်စက္ကူပန်းပင်ကြီးက အုပ်မိုးထားပြီး အဲ့ဒီဘေးမှာတော့ လီလီပန်းအဝါတွေကို ဘောင်ခတ်ပြီး စီစီရီရီစိုက်ထားတယ်။ ဘတ်ဟျွန်းတို့လို ကလေးတွေကတော့ ပန်းလှလှလေးတြွေမင်ရင် ခိုးခူးပြီး သဘောကျတဲ့လူကို မျက်နှာလုပ်ကြတာပေါ့။ ဘတ်ဟျွန်းကတော့ ကျောင်းသးကျောင်းပြန် လီလီပန်းတစ်ပွင့်ဆီခူးပြီး မမဆီသွားတယ်။ မမက လီလီပန်း ကြိုက်တယ်လေ။ ဉီးလေးကြီးဆီမှာ မိတိုင်း ပန်းခူးတာ ဆူခံရပေမယ့် အဆူခံရတာကို မမှုတော့တဲ့အထိ ဘတ်ဟျွန်းတို့က ခဏတိုင်း ဆူခံရနေကျ။

သူ့အိမ်ဆိုပြီး ရပ်သွားတဲ့ အိမ်လေးရှေ့မှာ သူဆီက အသံစထွက်လာတယ်။

MINE(Completed)Dove le storie prendono vita. Scoprilo ora