"ကျွန်တော် အကို့ကို ချစ်တယ်"
"………"
"အကိုခရီးထွက်တော့မှာဆိုတော့လေ ဒီလိုပဲ အကိုသိအောင် ပြောပြတာပါ၊ အဖြေပြန်မပေးလည်း ရပါတယ်"
"အခု အကိုဖြေလိုက်ရင် ညီ နောင်တရသွားနိုင်တာမို့.. အကိုခရီးကပြန်လာမယ့်အချိန်... အဲ့ဒီအချိန်ထိ ညီ အကို့ကိုချစ်သေးတယ်ဆိုရင် ဒီစကားကို တစ်ခါထပ်ပြောပေးပါ၊ အဲ့ကျ အကိုဖြေပါ့မယ်ညီ"
"ဒါဆို အကိုပြန်လာမယ့်အချိန်ကို ကျွန်တော်စောင့်နေပါ့မယ်"
ဒီလိုကြားရတော့ ထက်မြတ်က အတော်လေး ဝမ်းနည်းလာမိတယ်။ တကယ်တော့ သူလည်း စိုင်းဝေလျှံကို ချစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်မလုံမှုကြောင့် စိတ်ဖြောင့်ဖြောင့်နဲ့ ချစ်ဖို့ကို သူမရဲဘူးဖြစ်နေခဲ့တာ။
"အိပ်ကြရအောင် ညီ"
"ဟုတ်ကဲ့"
မနက်ဖြန်ဆို ထက်မြတ်က သူနဲ့ဝေးရာကို ထွက်သွားတော့မှာမို့ စိုင်းဝေလျှံက တော်တော်နဲ့အိပ်မပျော်ပါဘူး။ အိပ်ပစ်လိုက်ရမှာကို သူက နှမြောနေမိတယ်။ သူ ထက်မြတ်နဲ့ တစ်ညလုံး စကားတွေပြောချင်တယ်။ ဒါပေမဲ့ မအိပ်ရလို့ နောက်နေ့ကျ ထက်မြတ်ပင်ပန်းနေမှာကိုလည်း သူက စိုးရိမ်နေမိပြန်ပါတယ်။ အဲ့လိုနဲ့ စကားမပြောဖြစ်တော့...
ညအတော်လေးမိုးချုပ်တော့ စိုင်းဝေလျှံ အိပ်သွားပြီအထင်နဲ့ ထက်မြတ်က အိပ်ရာထက်မှာ ထလိုက်တယ်။ စိုင်းဝေလျှံနဖူးကို ခိုးနမ်းတယ်။
"အကို မင်းကို သိပ်ချစ်ပါတယ် ညီ"
ပြောပြီး ထက်မြတ်ဟာ စိုင်းဝေလျှံရဲ့အိမ်ကနေ ထွက်လာပါတော့တယ်။
မနက်ရောက်တော့ စိုင်းဝေလျှံ နိုးလာတယ်။ ထက်မြတ်ကတော့ ဘေးမှာ မရှိတော့ဘူး။ ဒါပေမဲ့လည်း စိုင်းဝေလျှံက ကျေနပ်နေတယ်။ ပျော်နေတယ်။ စိတ်ချမ်းသာနေတယ်။ ညက ထက်မြတ်ပြောခဲ့တာတွေကို သူက ကြားလိုက်ရတာကိုး။
နောက်ရက်တွေကျတော့ စိုင်းဝေလျှံက ထက်မြတ်ပြောထားတဲ့အတိုင်း စာတွေလုပ်တယ်။ ကြိုးစားတယ်။ ဒီလိုနဲ့ စိုင်းဝေလျှံတစ်ယောက် တရားရုံးသွားရမယ့်ရက်ကို ရောက်လာပါတော့တယ်။ ဖြစ်နိုင်ရင် စိုင်းဝေလျှံက တရားရုံးကို မသွားချင်ဘူး။ ဒါပေမဲ့ ထက်မြတ်က သွားခိုင်းထားတာမို့ သွားဖြစ်အောင် သွားရမယ်လို့ သူကဆုံးဖြတ်ထားတယ်။
BẠN ĐANG ĐỌC
ပန်းခြွေသူ(သို့မဟုတ်)ဥယျာဥ်မှူး (OneShot)
Truyện Ngắnကိုယ်တိုင်ဖျက်ဆီခဲ့တဲ့ ပန်းပင်လေးကို ကိုယ်တိုင်ပဲ အကိုင်းအလတ်တွေစုံအောင် ပြုစုပျိုးထောင်ပေးခဲ့တယ်