စိတ်မလုံခြင်း

1.2K 119 2
                                    

"အကိုက ကျွန်တော့်ရဲ့ မီးအိမ်ရှင်ပါ"

လေးလေးနက်နက်ပြောလာတဲ့ စိုင်းဝေလျှံရဲ့စကားကြောင့် ထက်မြတ်တစ်ယောက် စိတ်မကောင်းဖြစ်မိလာတယ်။ သူဆက်ပြီး မညာချင်တော့ဘူး။ အမှန်တိုင်း ဖွင့်ပြောချင်တယ်။ ဒါပေမဲ့ သူ့ကိုရွံသွားမှာကိုလည်း အရမ်းကြောက်တယ်။ နောက်ဆုံးတော့ သူက စိုင်းဝေလျှံကို ဖွင့်မေးကြည့်လိုက်တယ်။

"ညီ့ကို နာကျင်အောင်လုပ်ခဲ့တဲ့ တစ်ယောက်ကို ခုချိန်ပြန်တွေ့ရင် ဘာလုပ်ချင်လဲ"

အဲ့ဒီစကားကိုကြားတော့ စိုင်းဝေလျှံက ပြောစရာစကားလုံးတွေ ပျောက်ရှသွားရတယ်။ ဘာလို့ဆို သူမစဉ်းစားဖူးတာမို့...

ညရောက်တော့ စိုင်းဝေလျှံဟာ ဘယ်လိုမှ အိပ်မပျော်ပါဘူး။ သူစဉ်းစားတယ်၊ အကိုက ဘာလိုအဲ့လိုမေးရတာလဲပေါ့။ သူက အဲ့အကြောင်းကို မေ့ထားတာ ကြာပြီ အခု ထက်မြတ်က ပြန်ပြောတော့ ကြောက်တဲ့စိတ်က ပြန်ပေါ်လာတယ်။ သူဘယ်လိုမှ အိပ်မရတဲ့အဆုံး ထက်မြတ်အခန်းကို သွားဖို့သာ ပြင်လိုက်တော့တယ်။

ထက်မြတ်ရဲ့အခန်းရှေ့ရောက်တော့ စိုင်းဝေလျှံဟာ ချီတုံချတုံ ဖြစ်လာတယ်။ ထက်မြတ်ကမေးရင် သူဘယ်လိုပြန်ဖြေရမလဲ မသိဘူး။ ဒါပေမဲ့ သူတစ်ယောက်တည်းလည်း အိပ်ပျော်မှာမဟုတ်တာနဲ့ နောက်ဆုံးမှာတော့ စိတ်ကိုတင်းပြီး တံခါးခေါက်လိုက်တယ်။

အခန်းထဲက ထက်မြတ်ဟာလည်း မအိပ်သေးပါဘူး။ သူလည်းအိပ်မပျော်ဘူး။ တံခါးခေါက်သံကြားတော့ သူက ဖွင့်ပေးလိုက်တယ်။ ခေါင်းအုံးပိုက်လျက် ရပ်နေတဲ့ စိုင်းဝေလျှံကိုတွေ့လိုက်တော့ သူက ကြောင်သွားတယ်။

"ညီ.. မအိပ်ရဲလို့လား"

"နည်းနည်း စိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့ အကိုနဲ့လာအိပ်တာ ရလားဟင်"

ဒီလိုနဲ့ သူတို့နှစ်ယောက် အတူတူအိပ်ဖြစ်ကြတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံး အိပ်လို့မပျော်ကြပါဘူး။

နောက်ဆုံးတော့ ထက်မြတ်ကပဲ စကား,စပြီး ပြောလိုက်တယ်။

"ဟိုလူကိုတွေ့ရင် ဘာလုပ်ချင်လဲ"

ပန်းခြွေသူ(သို့မဟုတ်)ဥယျာဥ်မှူး (OneShot)Where stories live. Discover now