ပြန်လည်ပျိုးထောင်ပေးခြင်း

1.3K 133 2
                                    

သူတို့နှစ်ယောက် အပြန်အလှန် စကားပြောလာခဲ့ကြတာ တစ်နှစ်ပြည့်ခဲ့ပြီ။ အဲ့တော့ အတော်လေးလည်း ရင်းနှီးနေပါပြီ။ တစ်ခါတလေဆို vd call တွေခေါ်ပြီး သူတို့နှစ်ယောက်က ဟင်းတွေအတူတူ ချက်ပြုတ်ကြတယ်။ ဒီတစ်နှစ်အတွင်းမှာပဲ ထက်မြတ်က စိုင်းဝေလျှံရဲ့စိတ်ကို အတော်နားလည်နေပြီ။ စိုင်းဝေလျှံက  ရယ်လိုက်ရင် အရမ်းချစ်စရာကောင်းတယ်။ သူပထမဆုံး စိုင်းဝေလျှံရယ်တာမြင်တုန်းကဆို အသက်ရှူဖို့တောင်မေ့သွားသလိုပါပဲ။

ထက်မြတ်က စိုင်းဝေလျှံအကြောင်းတွေ ကြားချင်တော့ သူ့အကြောင်းတွေကို အရင် ပြောပြဖြစ်တယ်။ သူဟာ ဆရာဝန်တစ်ယောက်ပါလို့ ညာထားတာကလွဲရင် ကျန်တာအကုန် အမှန်တိုင်းပဲ ပြောပြခဲ့တယ်။ သူက ကြုံရင်ကြုံသလို ဘယ်လိုမျိုးနေရင်တော့ ရောဂါမကူးပါဘူး၊ ဘာတွေဘယ်လိုစားရင်တော့ ကျန်းမာရေးကောင်းတယ်၊ လူတွေကိုထိတာက ဘာမှမဖြစ်ပါဘူး၊ အဓိက,က တစ်ကိုယ်ရေသန့်ရှင်းမှုပြုလုပ်ဖို့ပဲ။ အဲ့ဒါတွေကို မကြာခဏ ပြောပေးဖြစ်တယ်။

စိုင်းဝေလျှံအနေနဲ့ကလည်း ထက်မြတ်ကို အတော်လေးခင်နေပြီ။ သူက သူငယ်ချင်းတစ်ယောက်တောင် မရှိဘူးမလားလေ။ အဲ့တော့ သူနဲ့ နေ့စဥ်နေတိုင်း စကားတွေပြောနေခဲ့တဲ့ ထက်မြတ်ကိုပဲ အရမ်းခင်လာတယ်။ ယုံကြည်လာမိတယ်။ သူပြောသလိုနေနိုင်အောင်လည်း ကြိုးစားကြည့်တယ်။

နောက်တော့ ထက်မြတ်က စိုင်းဝေလျှံကို တွေ့ချင်လိုက်တာလို့ ပြောလာခဲ့တယ်။ စိုင်းဝေလျှံကတော့ မတွေ့ချင်ဘူးပေါ့လေ။ သူ့မှာ ရွံစရာကောင်းတဲ့ရောဂါ ရှိနေတာမဟုတ်လား။ အဲ့ဒါ ထက်မြတ်ကိုပါ ကူးသွားရင် ဘယ်လိုလုပ်မလဲဆိုပြီး သူကမတွေ့ချင်ခဲ့ဘူး။

ဒါပေမဲ့ ထက်မြတ်က သူ့ဆီလာခဲ့မယ်လို့ မကြာခဏဆိုသလို ပြောလာတယ်။ ဘယ်မှာနေလဲ မေးတယ်။ ကြာတော့ စိုင်းဝေလျှံက မငြင်းချင်တော့ဘူး။ အဲ့ဒါနဲ့ သူ့မှာရောဂါရှိနေတဲ့ အကြောင်းကို အမှန်အတိုင်းပြောပြလိုက်တယ်။

_____***_____

ထက်မြတ်ထင်တဲ့အတိုင်းဘဲ စိုင်းဝေလျှံက အရမ်းကိုတုံးလွန်းတယ်။ AIDS ရှိနေလို့ အကိုနဲ့ မတွေ့ချင်ပါဘူးတဲ့။ သွေးစစ်ကြည့်ထားတာလားလို့ ထက်မြတ်က ပြန်မေးတော့ စစ်စရာမလိုဘူး သူသိတယ်တဲ့ ပြန်ဖြေတယ်။

ပန်းခြွေသူ(သို့မဟုတ်)ဥယျာဥ်မှူး (OneShot)Where stories live. Discover now