စိတ်မလုံခြင်း

Start from the beginning
                                    

"ကျွန်တော်..."

"အင်း.. မကြောက်နဲ့ အကိုက ကူညီပေးမယ် သူ့ကိုတွေ့ရင် ဘာလုပ်ချင်လဲ။ သေစေချင်လား"

ဒီစကားကိုတော့ ထက်မြတ်က အတည်ပြောလိုက်တာဖြစ်တယ်။ တကယ်လို့ စိုင်းဝေလျှံကသာ သေစေချင်တယ်လို့ပြန်ဖြေရင် သူသေပစ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ စိုင်းဝေလျှံက ဘာမှပြန်မဖြေခဲ့ဘူး။ အဲ့ဒါနဲ့ ထက်မြတ်ကပဲ ဆက်မေးလိုက်တယ်။

"ထောင်ကျစေချင်လား သူ့အပြစ်တွေအတွက်လေ ပြစ်ဒဏ်ပေါ့"

"ကျွန်တော် အဲ့တုန်းကအမှောင်ထဲမှာမို့ အဲ့လူကို မမှတ်မိဘူး"

"အကို့မှာ အဆက်သွယ်တွေအများကြီးရှိတယ် ရအောင်ရှာပေးမယ် ညီသာ သူ့ကို ဘာဖြစ်စေချင်လဲ ပြောပါ"

"ကျွန်တော် သူ့ကိုမမှတ်မိဘူးလေ ရှာလို့ရလို့လား"

"ရတယ် ညီရဲ့ အကိုရအောင်ရှာပေးမယ်"

"ဟုတ်"

"ဘယ်လို ဖြစ်စေချင်လဲ"

"ကျွန်တော့်ကို လက်စားလာချေနေရင် ဘယ်လိုလုပ်မလဲ"

"ညီ ဘာမှမဖြစ်စေရဘူး အကိုက အားလုံးကိုတာဝန်ယူပေးမယ် မကြောက်နဲ့နော်"

"ကျွန်တော့်အကြောင်းတွေကို သူများတွေသိကုန်မှာပေါ့.. ပြီးတော့ ကျွန်တော် တရားရုံးတွေဘာတွေ မသွားချင်ဘူး"

"အဲ့တာဆို ညီက သူ့ကို ဘာမှမလုပ်တော့ဘူးလား"

"ကျွန်တော် သူ့ကိုမမြင်ချင်ဘူး"

ဒီလိုကြားတော့ ထက်မြတ်က ရင်တွေနာလာရတယ်။ ဒါလည်းဖြစ်သင့်ပါတယ်လေ။ ညီက သူ့ကိုမုန်းနေမှာပေါ့။ သူလုပ်ခဲ့တာက အရမ်းလွန်တာကိုး။ ထက်မြတ်က သူ့ကိုယ်သူလည်း ပိုပြီးခွင့်မလွှတ်နိုင်တော့ဘူး။ အဲ့တော့ သူကပဲ ဆက်ပြောလိုက်တယ်။

"အကို့မှာ ရှေ့နေသူငယ်ချင်းတွေရှိတယ်။ တရားရုံးကို ညီမလိုက်လည်း အဆင်ပြေအောင် သူတို့နဲ့ တိုင်ပင်မယ်ကွာ။ ညီက အိမ်မှာပဲနေပေါ့။ ကျန်တာအကုန် အကိုက စီစဉ်ပေးမယ်။ သက်သေထွက်ဆိုမယ့်နေ့ရယ် ပြစ်ဒဏ်ချမယ့်​နေ့ရယ်ပဲ ညီကလာလေ။ အဲ့နေ့တစ်ရက်လေးတော့ လာလို့အဆင်ပြေတယ်မလား။ ကျန်တာအားလုံး အကို့တာဝန်လို့ထား ဟုတ်ပြီလား"

ပန်းခြွေသူ(သို့မဟုတ်)ဥယျာဥ်မှူး (OneShot)Where stories live. Discover now