5

11.8K 240 7
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


ဖုန်းကိုငုံ့ကြည့်နေသောမိန်းကလေးတစ်ယောက်မျက်နှာထက်မှာတော့ပျော်ရွှင်မှုတို့ကင်းမဲ့နေသည်။

"ရေပြာအာဏာ"

စာသင်ခန်းထဲရှိဆရာမနာမည်ခေါ်နေသည့်တိုင်မိန်းကလေးမှာကြားပုံမပေါ်။

"ရေပြာအာဏာ"

ဒုတိယအကြိမ်ခေါ်လိုက်သော်လည်းခေါင်းငုံ့နေဆဲ။

နဖူးအထက်ဆတ်ခနဲနာကျင်မှုကြောင့်စမ်းကြည့်လိုက်တော့မြေဖြူမှုန့်တွေ။

ပြောင်းလဲနေသောလေထုကြောင့်အရှေ့သို့ကြည့်လိုက်တော့ခါးထောက်နေသောမြန်မာစာဆရာမ။

ပူတူးတံတွေးမြိုချလိုက်သည်။

"မတ်တတ်ရပ်စမ်း"

မတ်တတ်ရပ်ပြီးလက်ပိုက်လိုက်၏။

ကျောင်းပြန်တက်တာ(၅)ရက်တိတိရှိခဲ့ပြီဖြစ်သော်လည်းနေရတာအသားမကျသေးပေ။

ရွှေရောင်မြို့သို့မသွားခင်တစ်ပတ်အလိုတွင်အထက်တန်းကျောင်းများပြန်ဖွင့်ခဲ့သည်ကြောင့်ဒီကျောင်းမှာပထမတစ်ပတ်တက်ထားဖူးခဲ့သည်။

သို့သော်ကြားထဲတွင်ရွှေရောင်မြို့သို့သွားခဲ့သည်ကြောင့်ကျောင်းနှင့်အဆက်သွယ်ပြတ်သွားလေ၏။

"ခုံအောက်ကဘာလဲ"

ပူတူးခြေချောင်းတို့ကုတ်လိုက်ပြီးကြောက်ရွံ့စွာဖြင့်ဆရာမကိုကြည့်နေသည်။

"ရေပြာအာဏာ"

"ဖုန်း"

ဆရာမမှာမျက်မှောင်ကြုတ်လိုက်၏။

"စာသင်ချိန်ဖုန်းမသုံးရဘူးဆိုတာမသိဘူးလား"

ပူတူးကြောက်ရွံ့စွာခေါင်းညိတ်ပြလိုက်သည်။

မထုံတက်သေးပုံစံလုပ်နေသောမိန်းကလေးကိုအခန်းပြင်ထွက်ခိုင်းချင်သော်လည်းသူမအဖေနှင့်အစ်ကို(၂)ယောက်မှာမြို့မျက်နှာဖုံးalphaများဖြစ်ကြသည်ကြောင့်စိတ်ကိုအောက်ဆုံးထိလျော့ထားရသည်။

"ပြန်ထိုင် . . . စာသင်နေတာအာရုံစိုက်"

ခုံမှာပြန်ထိုင်ပြီးကျောက်သင်ပုန်းကိုကြည့်နေသော်လည်းအာရုံတို့ကတော့ရွှေရောင်မြို့ရှိအမျိုးသားတစ်ယောက်ထံတွင်ဝဲနေလေသည်။

ဂွမ်းလုံးWhere stories live. Discover now