အပိုင်း(၃၁)

Start from the beginning
                                    

"ကျွန်မထင်ထားသလိုပဲ ထီးတစ်ခုထဲနဲ့ အပူဒဏ်ကိုမခံနိုင်ပါဘူးလို့ အသင့်ရဲ့ နွားနို့လိုဖြူတဲ့မျက်နှာက နွေဦးကာလက ပန်းသီးထက်တောင် ပိုပြီးနီနေသေး‌တယ်"

"ငါ့ကို ဒီလိုဖြစ်အောင်လုပ်တာ နေရောင်တစ်ခုထဲပဲမဟုတ်ဘူး"

"ဘယ်လို"

"ဘာမှမဟုတ်တော့ပါဘူး"
သူမပါးစပ်ကိုပိတ်ထားလိုက်သည်
အန်နီတစ်ယောက် ခေါင်းကိုခါရင်း နီရဲနေတာကို သက်သာစေမဲ့ တစ်ခုခုပြင်ဆင်ဖို့ထွက်သွားလေသည်
နောက်တော့ သူမလဲ အိမ်နေရင်း သက်တောင့်သက်သာဖြစ်စေမဲ့၀တ်စုံကိုလဲ၀တ်ပြီး အိပ်ရာပေါ်လှဲနေလိုက်သည် အိပ်ရာဘေးမှာထိုင်နေတဲ့ အန်နီကအာလူးကို ကျေညှပ်နေအောင်စဥ်းထားတဲ့facemaskကို ကိုင်ထားလေသည်
အန်နီတစ်ယောက် facemaskကို သူမမျက်နှာပေါ်၌ ကျွမ်းကျင်စွာ လိမ်းခြယ်ပေးလေသည်
"ငါဆီကနေလဲ အာလူးနံထွက်လာအုမ်းမယ်"

"ငြိမ်ငြိမ်လေးနေပါ အသင့်ရဲ့နေလောင်လာတဲ့အသားအရည်ကို သက်သာအောင်လုပ်ဖို့ အာလူးmaskထက် ပိုကောင်းတာမရှိတော့ဘူး"
သူမအသားအရည်က အတော်နေလောင်ခံလိုက်ရသည် ဒါကြောင့် သူမမျက်နှာကို အန်နီလက်ထဲအပ်ရင်း တိတ်ဆိတ်စွာနေနေလိုက်သည်
သူမမျက်လုံးကိုမှိတ်ရင်း စပြောလေသည်

"နင်လဲသိလား အန်နီ"

"အင်း"

"ဒါက ငါသိတဲ့လေဒီတစ်ယောက်ဆီမှာ ဖြစ်ပျက်ခဲ့တာ"

"ဟုတ်ပြီ"

"သူမသတို့သားလောင်းက သူမနဲ့တခြားယောကျာ်းတစ်ယောက်နဲ့ စကားပြောနေတာကို မိသွားခဲ့တယ် ဒါပေမဲ့ သူ့မသတို့သားလောင်းက အဲ့ဒါကို နည်းနည်းလေးတောင် ဂရုမစိုက်ခဲ့ဘူး ပြောရရင် အဲ့ဒါက သူမကိုဂရုမစိုက်တာမဟုတ်ဘဲ လုံး၀ကို လျစ်လျူရှု့ပစ်တာပဲမလား နင်ရော အဲ့ဒါက ဘယ်လိုထင်မိလဲ"

"ဒါဆို သူမရဲ့သတို့သားလောင်းက sodomy ဖြစ်နေတာများလား"
(Sodomy- homosexual, ယောကျာ်းတွေကိုကြိုက်တယ်လို့ အဓိပ္ပာယ်ရပါတယ် တခြားတစ်ခုက sexual intercourse involving anal or oral copulationပါ အိုင်လေးမပြန်တတ်တာနဲ့ မပြန်ပဲရေးလိုက်ပါတယ်:)

အန်နီရဲ့ မထင်မှတ်ထားတဲ့အဖြေက သူမကို ရှော့ရစေသည်

"လုံး၀ မဖြစ်နိုင်ဘူး"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now