Sai Arnt Shine Yan

Start from the beginning
                                    

ဒါပေမဲ့ပေါ့နော် စာဖတ်သူတို့ သတိမထားခဲ့တာပဲ
ဖြစ်မှာပါ။ သူ့ကိုသူစိမ်းလို့ပြောလိုက်လို့
အမှန်တကယ် စိတ်ဆိုးသွားခဲ့တဲ့အခေါက်ကလွဲရင်
သူဘေဘီ့ကိုလုံးဝမျက်နှာလွှဲခဲပစ်တော့
မဆက်ဆံခဲ့ပါဘူး။
အထာကိုင်တာကတစ်ဖက် အလျှော့ပေးချင်တာက
တစ်ဖက်နဲ့ဖြစ်နေခဲ့တာပါ။

သူကစကားတွေအများကြီးမပြောဘဲနဲ့
သူ့ခံစားချက်တွေ၊ သူ့အတွေးတွေကို
သိစေချင်တဲ့ လူမျိုးပါ။ဒါကြောင့် အတွေးလွန်တဲ့၊
ခံစားလွယ်တဲ့ ရှန်ခွန်းနောင်နဲ့ လွယ်လွယ် ညှိမရ
ဖြစ်နေခဲ့ကြတာပါ။

ပြီးတော့ နောက်တစ်ခုက သဝန်တိုတတ်ပြီး
အဲ့လိုသဝန်တိုလို့သူမွန်းကြပ်သွားခဲ့ရင်
ဒါမှမဟုတ်
ဒေါသထွက်သွားခဲ့ရင် တစ်ဖက်သား စိတ်ကို
နာကျင်စေမယ့် စကားမျိုးတွေကိုပဲ ရွေးပြီး သက်သက်မဲ့ ပြောတတ်သူပါ။
(ဒါက dark side ပေါ့နော်)

ဒါကြောင့် သူ့စိတ်ကို ဒီလို မျိုးမှန်းသိလို့
ဘေဘီဖွင့်ပြောလိုက်တဲ့ည အိမ်ပြန်ပို့ပေးခဲ့တဲ့
အချိန်မှာ သူက တစ်ခါတလေ ဆိုးတယ်
ဆိုတဲ့စကားကို ပြောခဲ့တာပါ။

ရှန်ခွန်းနောင်နဲ့ မတွေ့ခင်တုန်းက ဘယ်လောက်ထိ
ရှုပ်ခဲ့ ရှုပ်ခဲ့ တွဲပြီးနောက်မှာ
ဘယ်တုန်းကမှ စိတ်ကလေးနဲ့တောင်
မဖောက်ပြန်ခဲ့ဖူးပါဘူး။

ရှန်ခွန်းနောင်ကို သဝန်တိုရတာကို လည်း
သူလုံးဝမကြိုက်ခဲ့ဘူး။
သူ့အမေလုပ်သွားတဲ့ကိစ္စကြောင့်
သဝန်တိုစရာကိစ္စမျိုးနဲ့ တွေ့ကြုံလိုက်ရရင်ကို
သူ့အတွက် ခံစားလွယ်နေတာပါ။
(ဒါကိုနောက်ဆုံး Sequel မှာပိုသိသာအောင်ထည့်ရေးထားပါတယ်)
ဒါကလည်း အပေါ်မှာပြောခဲ့တဲ့ ဘယ်သူ့ကိုမှ
မတွဲချင်ခဲ့တဲ့ အချက်တစ်ချက်ပါပဲ။
သူက ခံစားချက်တွေကို ပေါ့ပေါ့လေးပဲ
ထားချင်ခဲ့တာပါ။သူလုပ်စရာရှိတဲ့
အလုပ်တွေလုပ်ရင်း သူ့ကမ္ဘာထဲမှာ
သူတစ်ယောက်ထဲပဲနေရင်း
ဘဝကိုဖြတ်သန်းချင်ခဲ့တာပါ။

ဒါကြောင့် ရှန်ခွန်းနောင်နဲ့ တွေ့လာတဲ့အချိန်
သူ့စိတ်တွေက အဲ့ဒီလိုမဟုတ်တော့တာကြောင့်
'ကိုယ့်စိတ်တွေကို ဒီလိုမျိုးရှုပ်ထွေးအောင် မလုပ်နဲ့'
ဆိုတဲ့စကားကို ပြောခဲ့တာပါ။

RO ( ရို ) (Completed)Where stories live. Discover now