အပိုင်း၁၇။ ဇီဇဝါပန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်

Start from the beginning
                                    

" ဟန်နီ"

" ပြောလေ အနွယ်"

" ခုနက ဘယ်နှယ့်ဖြစ်လို့ဇီဇဝါပန်းကိုပဲ ယူခဲ့တာလဲဟင်"

ထိုအမေးစကားကြောင့်မုန်းခပ်ဟဟရီမိသည်။

" ဘယ်နှယ့်ဖြစ်လို့လဲဆိုတော့ ဇီဇဝါပန်းက အနွယ်နဲ့တူတယ်လေ "

" အို အနွယ်နဲ့ ဇီဇဝါပန်းက ဘယ်နားက တူသွားတာလဲ"

"  ဒါက ဒီလိုရှိတယ် နွယ် ဟန်နီပြောပြမယ်

ဇီဇဝါပန်းရဲ့အဓိပ္ပါယ်ကဖြူစင်ခြင်းလို့အဓိပ္ပါယ်ရတယ် အနွယ်က လည်း ဖြူဖြူစင်စင်လေးမို့ ဟန်နီက အနွယ့်ကို ဇီဇဝါပန်းနဲ့ တူတယ်လိုပြောတာပါရှင့်"

ဟန်နီရဲ့စကားတွေကြောင့်အနွယ်ပြုံးမိသည်။သို့ပေမဲ့ ထိုအပြုံးတွေထဲမှာနာကျင်ခြင်းလို့သတ်မှတ်လို့ရတဲ့အရာတွေပါဝင်နေခဲ့သည်။

" ဟန်နီမှားနေပြီ အနွယ်က မဖြူစင်တော့ဖူးလေ.."

အသံခပ်တိုးတိုးကြောင့်မုန်းသိလိုက်ပြီ ဒီကလေးမ ဝမ်းနည်းသွားပြီဆိုတာ။

အနွယ်မျက်နှာလေးကို မုန်း သူမရဲ့လက်ဖဝါးဖြင့်ဆုပ်ကိုင်ပြီး အကြည့်ချင်းစုံစေလိုက်သည်။

" အနွယ် ဟန်နီ့ကိုကြည့်"

မျက်ရည်တွေလဲ့တွေတဲ့ မျက်ဝန်းတစ်စုံဖြင့်ပြန်လည်စိုက်ကြည့်လာသောကောင်မလေးကြောင့် မုန်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

" အနွယ်က တခြားသူတွေနဲ့ယှဉ်လို့မရလောက်တဲ့ထိကို ဖြူစင်ပြီးသား ဒါကြောင့်မို့ ဝမ်းမနည်းပါနဲ့ ကိုယ့်အချစ်ရယ်"

နောက်ဆုံးစကားလုံးကိုတော့စိတ်ထဲ၌ သာပြောလိုက်သည်။

ကိုယ့် အချစ်သည်းကညှာက
ဖြူစင်ပါတဲ့သူတွေထက်တောင်ဖြူစင်ပြီးသားပေမို့ ဝမ်းမနည်းပါနဲ့ကွယ်
အချစ်ရဲ့ မျက်ရည်စက်တွေကို မြင်ရတာ ကိုယ်ရင်တွေနာလွန်းလို့လို့ပါ။

အချစ်ရယ်.....။

***************************************

ဇီဇဝါပန်းကို ဖြူစင်တဲ့ ပန်းလေးတစ်ပွင့်ဆိုပြီး
လူအများက ပြောကြပေမဲ့
ကိုယ့်အတွက်တော့ အချစ်သည်းကညှာကသာ
အဖြူစင်ဆုံးပန်းလေးတစ်ပွင့်ပါ
ကိုယ့်အချစ်ရယ်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now