အခန်း [ ၉ ] <ဇာတ်သိမ်းပိုင်း>

2.6K 425 19
                                    

• အီစတာကြက်ဥ* (ကျန့်ယွမ်)

အတင်းအဖျင်းပြောရာတွင်ဆရာကျသူ ကျန့်ယွမ်သည် နောက်ထပ်အရည်ရွှမ်းသောသတင်းတစ်ခုကို မတော်တဆရှာဖွေတွေ့ရှိသွားခဲ့သည်။ဒီတစ်ခုမှာ သူ့၏အတင်းအဖျင်းပြောသည့်အသက်မွေးဝမ်းကြောင်း၌ အပြောင်မြောက်ဆုံးဟုပြော၍ရလေသည်: သူတို့မင်းသား၏ကြင်ယာတော်မှာ တကယ်တော့အိမ်တော်ထဲမှ ကိုယ်ရံတော်ဖြစ်နေခဲ့ပြီး သူ့၏လုပ်ဖော်ကိုင်ဖက်လဲဖြစ်သူ _ ကျောက်ဖေးရွှမ်းပင်။

မနေ့ညက သူ့၏ကင်းလှည့်ချိန်တွင် ‌မင်းသားကကျောက်ဖေးရွှမ်း၏လက်များကိုကိုင်ပြီး လမ်းလျှောက်ထွက်လာသည်ကိုသူတွေ့ခဲ့ရသည်။နှစ်ယောက်စလုံးမှာ အနီရောင်ဝတ်စုံကြီးများကိုဝတ်လျက် ခြံဝန်း၏အလယ်တွင် ကောင်းကင်နှင့်မြေကြီးအား တိုင်တည်ကာ ဦးညွှတ်နေခဲ့ကြသည်။အချစ်ငှက်နှစ်ကောင်မှာ သူ့လိုလူပျိုကြီး၏နှလုံးသားအား ပျက်စီးစေနိုင်သည်ကိုလုံးဝသတိမမူဘဲ နားနားတိုးကပ်ပြီး ပြုံးဖြီးနေကြလေသည်။

ကျောက်ဖေးရွှမ်းက အလွန်ကြည့်ကောင်းပြီး ခန့်ညားကာ အဖြူရောင်ဘုဇပတ်ပင်ကဲ့သို့ အရပ်ရှည်လျားသည်ကို သူဝန်ခံပါသည်။သို့ပေမဲ့ သူတို့နှစ်ယောက်လုံးက ယောက်ျားတွေပဲမဟုတ်လား?ထို့ထက်ပိုပြီး အဓိပ္ပာယ်မရှိသည်မှာ မန်ဒရင်းဘဲပုံများနှင့် ပန်းထိုးထားသည့်အနီရောင်ခေါင်းဆောင်းကို ဝတ်ဆင်ထားသူမှာ သူတို့၏မိသားစုမင်းသားဖြစ်နေခြင်းပင်။

ကျန့်ယွမ်သည် ထိုအကြောင်းကို အမြီးတစ်ပြန် ခေါင်းတစ်ပြန်တွေးရင်း ခက်ခဲသည့်အချိန်ကိုရင်ဆိုင်နေရသည်။သို့သော် နောက်ဆုံးမှာဝောာ့ ဒါကသူ့သခင်၏အရေးကိစ္စပင်။ယခုသူ့ကိုညှင်းပန်းနေသည့်အရာမှာ ဤသတင်းအားလူတိုင်းကိုမျှဝေပေးရန် ကိုယ့်ကိုကိုယ်ထိန်းချုပ်နေရခြင်းပင် ဖြစ်သည်။သူ့တွင် ဤမျှပူနွေးနေသည့် အတင်းအဖျင်းပြောစရာတစ်ခုရနေပါသော်လည်း သူဖြန့်ဝေ၍မရနိုင်ပေ။နောက်ဆုံးတွင် ထိုအရာမှာ သူ့သခင်၏ဂုဏ်သတင်းနှင့်သက်ဆိုင်နေပြီး သူ့တွင် သစ္စာစောင့်သိမှုအချို့ ကျန်ရှိနေဆဲပင်။

The Unemployed Assasin [ဘာသာပြန်] /Completed/Where stories live. Discover now