အခန်း [ ၂ ]

2K 403 2
                                    

• လူသစ်

ဒီလိုနှင့် အေးစက်ပြီးအပြတ်မိမိုက်နေသည့် ထူးချွန်လုပ်ကြံသူမှသည် အေးစက် သို့မဟုတ် အပြတ်မိမိုက် ကိုကိုယ်စားပြုသည့် 'အ' တစ်လုံးမှမပါဝင်သော အတွေ့အကြုံနုသည့်ကိုယ်ရံတော်လေးဖြစ်လာရတော့သည်။

အဲ့ဒါ‌က‌ဒီတိုင်းပင်...

"ကျွန်တော်က ကိုယ်ရံတော်ဖြစ်နေပြီကို ခင်ဗျားကိုဘာလို့လိုက်ဂရုစိုက်ပေး‌နေရအုံးမှာလဲ"

လုပ်ကြံသူဟာ ‌ညည်းတွားရေရွတ်နေစဉ်မှာပဲ ကျောက်ဟွိုင်၏အမိန့်ကိုလိုက်နာကာ နေပူစာလှုံဖို့အတွက် ဘီးတပ်ကုလားထိုင်*ကိုတွန်းပေးနေ၏။

(*ဝှီးချဲပါ..အရင်ခေတ်ဖြစ်နေလို့)

"မင်းကိုယ်ရံတော်ဖြစ်လာတာ တစ်လခွဲကျော်နေပြီ၊ လုပ်ကြံသူဘယ်နှယောက်ဖမ်းမိပြီလဲ"

ကျောက်ဟွိုင်က တည်ငြိမ်‌စွာမေးလာသည်။

"ဟင့်အင်း" လုပ်ကြံသူ၏အသံက အတော်လေးသေးငယ်လှ၏။

"သူခိုးရောဘယ်နှယောက်ဖမ်းမိပြီလဲ"

"ဟင့်အင်း" လုပ်ကြံသူ၏အသံက ပိုပိုပြီးသေးငယ်လာကာ
"ဒါပေမဲ့ သူတို့မှမလာတာ၊ ကျွန်တော်ကဘာကိုဖမ်းနိုင်မှာတဲ့လဲ"

သူ တစ်ယောက်ယောက်ကိုကြိုးသွားတုပ်၊ အိမ်တော်ဆီခေါ်လာပြီးတော့ တွန်းအားပေးပြီး လုပ်ကြံသူတို့သူခိုးတို့လုပ်ခိုင်းလိုက်ရမှာလား?

"ဒါပေမဲ့ မင်း ကိုယ့်ပိုက်ဆံကိုယူပြီး ကိုယ်ကျွေးတဲ့ထမင်းကိုစားနေတုန်းပဲလေ ကိုယ့်ကိုကိုယ်မရှက်မိဘူးလား"

ကျောက်ဟွိုင်သည် အပြစ်တင် ရန်စသည့်မေးခွန်းများအား တစ်ခုပြီးတစ်ခုထုတ်ဖော်ပြောဆိုနေရသည်ကို စိတ်အနှောင့်အယှက်ဖြစ်မနေပေ။တစ်ချိန်ထဲမှာပဲ သူကပျင်းရိစွာဖြင့် မမေ့မလျော့လက်ကိုမြှောက်လိုက်ပြီး လုပ်ကြံသူကိုနေရာလှည့်ခိုင်းဖို့အချက်ပြလိုက်၏။အဲ့ဒါမှ သူသက်တောင့်သက်သာနှင့်နေရောင်ခြည်ကိုခံယူနိုင်မှာပင်။

"ဟင့်အင်း" လုပ်ကြံသူဟာ အလိုအလျောက်တုန့်ပြန်လိုက်သည်။သို့သော် ကျောက်ဟွိုင်က စိတ်မပါလက်မပါ လှမ်းကြည့်နေသည်ကိုတွေ့လိုက်ရသဖြင့် လေသံကိုပြောင်းလိုက်၏။

The Unemployed Assasin [ဘာသာပြန်] /Completed/Where stories live. Discover now