• ဒါကမင်းအိမ်ပဲ
အိမ်တော်ထဲတွင် ပြန့်နှံ့နေသည့် ကောလဟာဟတစ်ခုရှိလေ၏။၎င်းမှာ သူတို့၏သခင်ဖြစ်သူ ကျောက်ဟွိုင် လက်ထပ်တော့မည်ဟူ၍ပင်။
ထိုသည်ကို ကျောက်ဖေးရွှမ်းကြားလိုက်ရစဉ် ကျန့်ယွမ်၏နှုတ်မှထွက်လာခြင်းဖြစ်သည်။ဤကျန့်ယွမ်သည် ကြီးထွားသန်မာပြီး အပြောင်းအလဲမရှိဘဲဖြောင့်မှန်သူတစ်ဦးဖြစ်သည်။သို့သော် သူ့၏ဝါသနာမှာ အတင်းပြောခြင်းပင်။သူ့နေ့စဉ်ဘဝတွင် တစ်ခုထဲသောပျော်ရွှင်မှုမှာ အတင်းပြောခြင်းဖြစ်ပြီး လေတိုက်သံနှင့်မြက်ပင်များလေယူရာယိမ်းနွဲ့သံများသည်ပင် သူ့နားထဲမှမလွတ်မြောက်နိုင်ပါချေ။
ဒီတစ်ခေါက် ကျောက်ဟွိုင် လက်ထပ်တော့မည်ဟူသည့် ကောလဟလသည်လဲ ကျန့်ယွမ်ဆီမှစတင်လာခြင်းပင်။အကြောင်းမှာ သူတို့၏သခင်ဖြစ်သူသည် မင်္ဂလာဆောင်ဝတ်စုံ၊ မန်ဒရင်းဘဲများ*နှင့် တခြားအရာများအား တိတ်တဆိတ် ဝယ်ယူနေသည်ကို ထိုလူတွေ့ရှိသွားခဲ့၍ဖြစ်သည်။ကျန့်ယွမ်မှာတစ်ချက်ထဲနှင့် တစ်စုံတစ်ခုကိုသိရှိသွားခဲ့ပြီး သဘာဝအလျောက်ပင် အိမ်တော်ထဲမှလူများအားလုံးလဲသိရှိသွားခဲ့သည်။နှစ်ရက်အတွင်းမှာပင် ကျောက်ဟွိုင်လက်ထပ်တော့မည်ဟူသည့် သတင်းက မင်းသားဟွိုင်၏အိမ်တော်ရှိထောင့်တိုင်း၌ ပြန့်နှံ့သွားခဲ့လေ၏။
ထိုသည်ကို ကြားလိုက်ရစဉ် ကျောက်ဖေးရွှမ်းမှာ ရုတ်တရက်ဆိုသလို သူ့နှလုံးသားထဲ၌ မရှင်းပြနိုင်သည့်နာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။အဲ့ဒါက ဝက်ခြေထောက်**ကျောက်ဟွိုင် ကြောင့်လား?လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ထိုသူမှာ သူ့နှလုံးသားကိုဖွင့်ဟပြနေခဲ့ပြီး ကျောက်ဖေးရွှမ်းအားသူ့ကိုလက်ထပ်ရန် ရှင်းလင်းစွာမေးနေခဲ့သေးသည်။သူက တစ်ခါအငြင်းခံလိုက်ရတာနဲ့ ဒီနေ့ကျတော့နောက်ထပ်အသစ်တစ်ယောက်ကိုထပ်တွေ့နေပြီပင်။
(**သစ္စာမရှိခြင်း)
ဒါမှမဟုတ် ကျောက်ဟွိုင် သူ့ကိုပေးမယ်လို့ကတိပေးထားတဲ့ စံအိမ်ရဲ့တစ်ဝက်က တခြားလူရဲ့လက်ထဲရောက်သွားတော့မှာမလို့လား?
VOUS LISEZ
The Unemployed Assasin [ဘာသာပြန်] /Completed/
Roman d'amourOriginal Title_杀手他失业了 Author_Bailu Wei Shuang [白露未霜] Total Chapters_9. •This is Myanmar Translation and I don't own the story. •All credits to respectful Author and English Translators.