အခန်း [ ၈ ]

Start from the beginning
                                    

ထိုအကြောင်းကို သူပိုပြီးစဉ်းစားမိလေလေ၊ ကျောက်ဖေးရွှမ်း၏ခံစားချက်က ဆိုးလာလေလေပင်။သူသည်းမခံနိုင်တော့ဘဲ တိုက်ရိုက်မေးကြည့်ဖို့အတွက် ကျောက်‌ဟွိုင်ဆီသို့ထွက်လာခဲ့သည်။

"ကျွန်တော်ကြားတာ ခင်ဗျားလက်ထပ်တော့မယ်ဆို?"

သူ့အသံထဲတွင် ရှာလကာရည်များတစက်စက်ကျနေသော်လည်း သူကိုယ်တိုင်ကတော့ သတိမပြုမိ။

"ဘယ်အိမ်တော်က သမီးလဲ?"

"လက်ထပ်တာ?"

ကျောက်ဟွိုင် အံ့အားသင့်သွားသည်။သူ့နားရွက်များက နီရဲသွားပြီး

"ဟုတ်တယ်၊ ကိုယ် အဲ့လိုလုပ်တော့မလို့၊ မင်းဘယ်လိုထင်လဲ"

အဲ့တော့ ကျောက်ဟွိုင်က တကယ်ကြီးလက်ထပ်တော့မှာပေါ့?ပြီးတော့ သူဘယ်လိုထင်လဲတောင် သူကမေးနေသေးတယ်?ကျောက်ဖေးရွှမ်း၏နှလုံးသားမှာ ချဉ်တူးနေသည်။သူဒေါသထွက်သည်ဟု ခံစားနေရသော်လည်း ဘယ်ကနေစလာမှန်း သူမသိပေ။

"ဂုဏ်ပြုပါတယ်၊ ကျွန်တော် ခင်ဗျားကို နှစ်တစ်ရာတိုင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝလေးပိုင်ဆိုင်ပြီး သားတစ်ယောက်မြန်မြန်ရဖို့ ဆုတောင်းပေးပါတယ်"

ကျောက်ဖေးရွှမ်း၏မျက်နှာက မှိုင်းပျနေသည်။သူ့ပါးစပ်က ဂုဏ်ပြုပါတယ် ဘာညာပြောနေသော်လည်း သူ့အသံက သူ့အဖေနဲ့အမေကိုသတ်သွားသည့်ရန်သူကို မျက်နှာချင်းဆိုင်နေရသည့်အလား ခါးသက်လျက်ရှိသည်။

ပြောပြီးသည်နှင့် ကျောက်ဖေးရွှမ်းလှည့်ကာ ထွက်သွားဖို့ပြင်လိုက်သော်လည်း ကျောက်ဟွိုင်က သူ့ကိုအပြုံးတစ်ပွင့်နှင့်ပြန်ဆွဲထား၏။

"ဖေးရွှမ်းလေး တစ်ခုခုအထင်လွဲနေတာလား?"

"ဘာအထင်လွဲတာလဲ"

ကျောက်ဖေးရွှမ်း၏ မျက်ဝန်းများက သူ့ဖိနပ်များမှာသာ ကပ်ငြိနေသည်။

"ဒီမှာခဏစောင့်နေ"

ကျောက်ဟွိုင်က ပြောသည်။ထို့နောက် ကန့်လန့်ကာအနောက်သို့ဝင်သွားပြီး နူးညံ့သည့်မန်ဒရင်းဘဲပုံများ ပန်းထိုးထားသည့် အနီရောင်ဝတ်စုံကိုထုတ်ယူလာ၏။ကျောက်ဖေးရွှမ်း၏ မျက်လုံးများ ကျယ်သွားရတော့သည်။သက်သေတွေ အထောက်အထားတွေ အကုန်ဒီမှာရှိနေတာကို ငါ့ဖင်ကိုအထင်လွဲပါလား!

The Unemployed Assasin [ဘာသာပြန်] /Completed/Where stories live. Discover now