Chapter ( 36 )

890 75 3
                                    

Unicode

ကျွန်တော်တို့ ဒီမှာရပ်ကြတာပေါ့

ကုတင်ပေါ် အိပ်ပျော်နေသူ ခွန်ရှင်းနောင်လေးမှာ နှုတ်ခမ်းပါးလေးတွေက အနည်းငယ်ကော့တက်ပြီး ပြုံးရိပ်ယောင်သန်းနေသည်။ သူ့အိမ်မက်ထဲ လရောင်မှာ သူနဲ့ရန်ကုန်ကို လိုက်လာခဲ့တဲ့အတွက် သူတို့မခွဲရတော့ဘူးဆိုပြီး သူပျော်ရွှင်နေရသည်။ ဒါမဲ့ သူ့မျက်ဝန်းတွေ မှေးမှေးကျဉ်းကျဉ်းလေး ပွင့်လာပြီးတဲ့နောက် အိမ်မက်ဖြစ်ကြောင်းသိလိုက်ရတဲ့အခါ သက်ပျင်းချရုံကလွဲရင် မတတ်နိုင်။

သူ့မျက်လုံးတွေကို သေချာဖွင့်ကြည့်တဲ့အခါ ကုတင်ပေါ်မှာ သူတစ်ယောက်ပဲ ရှိနေတာကို သိလိုက်ရတဲ့အတွက် ရှင်းနောင်တစ်ယောက် ချက်ချင်းထထိုင်မိလေသည်။

'လရောင် ကျူရှင်သွားပြီလား!'

သူ့ဖုန်းလေးကို လှည့်ပတ်ကာ ရှာပြီးနောက် အချိန်ကိုကြည့်တဲ့အခါ ၆နာရီ ၄၀ပဲရှိသေးကြောင်းကို တွေ့လိုက်ရသည်။ သူလည်း စိတ်အေးသွားပြီး ကုတင်ပေါ်ကို ပြန်ပြီးလဲချလိုက်သည်။ ဒီအချိန်မှာ လရောင်ဘာလုပ်တတ်လဲဆိုတာ သူ့ခေါင်းထဲ ပေါ်လာခဲ့သည်။

သူနဲ့တူတူအိပ်ပြီး သူ့ရောင်ရောင်လေးမှာ အိမ်ရှင်မကောင်းတစ်ယောက်လို အိပ်ယာမှ အရင်ထသွားပြီး စားဖို့အတွက် ပြင်ဆင်သည်။ ပြီးမှ သူ့ကို အိပ်ယာလာနိုးပေးတတ်သည်။ အခုလည်း သူ့အတွက် ထမင်းကြော်နဲ့အတူ လက်ဖက်ရည်တစ်ခွက် ဖျော်ပေးနေလောက်ကြောင်းကို သူစဉ်းစားမိပြီး ထထိုင်ကာ အောက်ထပ်ကို ပြေးဆင်းလာခဲ့သည်။

ဒါမဲ့ ထမင်းစား စားပွဲမှာ ဘာမှမတွေ့ရပါ။ သူ့ရောင်ရောင်လေး ဘယ်ရောက်နေတာလဲ၊ မျက်နှာသစ်နေတာလားဆိုပြီး တွေးရင်း ရှင်းနောင်မှာ ဒေါ်တင်တင်ကိုပဲ မေးလိုက်ရသည်။

"တီသွယ် လရောင်ရော?"

"လရောင်လား။ အစောကြီးကတည်းက ပြန်သွားပြီ"

"ပြန်သွားပြီ???"

ရှင်းနောင်လေးမှာ နားမလည်နိုင်စွာ သူမစကားကို ပြန်ပြီးရေရွတ်လိုက်သည်။

'၇နာရီထိုးဖို့လည်း လိုသေးတာကို ဘာလို့ပြန်သွားတာလဲ။ လရောင်.. ငါနဲ့ မနက်စာမစားချင်တော့လို့လား'

I Found Love In a Village [Completed]Where stories live. Discover now