Chapter ( 20 )

1.1K 103 4
                                    

Unicode

မျှော်လင့်ချက် 1%

"လရောင် လရောင် ငါ့ကို ဒါလေးရှင်းပြပါဦးကွာ"

"ခဏ။ ပြီးရင် ရှင်းပြပေးမယ်"

ငဟိန်းကို လှည့်မကြည့်နိုင်ဘဲ တွက်လက်စစာကိုပဲ အာရုံစိုက်ပြီး လရောင်တွက်နေသည်။

သင်ထားပြီးသော သင်္ချာအခန်းတွေထဲက လေ့ကျင့်ခန်းတစ်ခုလုံးကို ဆရာက ပြန်တွက်ခိုင်းထားပြီး တစ်ခန်းလုံးက အခုချိန်မှာ တိတ်ဆိတ်နေသည်။ အကုန်လုံးက စာကို အာရုံစိုက်နေကြသည်။ သူတို့က နှစ်ဝက်စာမေးပွဲဖြေဖို့ အချိန်က ဒီရက်နဲ့ ကြားထဲက ပိတ်ရက်နှစ်ရက်နဲ့အတူ သုံးရက်ပဲ ကျန်တော့တာကြောင့် အာရုံမစိုက်လို့လည်း မဖြစ်ပေ။

"လုပ်ပါ့ကွာ။ တစ်နေရာလေးပဲ။ ငါဆက်မတွက်တတ်တော့လို့ဟ"

သူ့ပုခုံးကို ဆွဲကိုင်ရင်း ငဟိန်းက ထပ်ပြောလာရာ လရောင်သက်ပျင်းချလိုက်တော့သည်။

"အေး ပြော..။ ဘယ်နေရာလဲ"

"ချစ်တယ် သာကြီးရာ။ ငါ ဒီနေရာက စနားမလည်တော့ဘဲ"

သူ့စာအုပ်ကို လရောင်နားဆွဲလိုက်ပြီးနောက် စာတစ်ပုဒ်ကို လက်ထောက်ပြရင်း ငဟိန်းပြောလိုက်သည်။ လရောင်ကလည်း စာအရင် သေချာကြည့်ပြီးတဲ့နောက် ငဟိန်းကို ပြန်ရှင်းပြပေးရသည်။ ဒီလိုနဲ့ စာသင်ချိန်တစ်ချိန်က ကုန်သွားတော့သည်။ နောက်လာတဲ့စာသင်ချိန်တွေမှာလည်း ဆရာမတွေက ပြန်လှန်လေ့ကျင့်ခန်းလုပ်ခိုင်းရင် လုပ်ခိုင်းတာဖြစ်ဖြစ်၊ စာကျက်ခိုင်းတာဖြစ်ဖြစ်၊
စာမေးတာဖြစ်ဖြစ် လုပ်ကြပြီး သင်ခန်းစာအသစ်တွေကို မသင်တော့ပေ။

ညနေ ၃နာရီခွဲတဲ့အခါ လရောင်တို့ ကျောင်းဆင်းလာခဲ့ပြီး သူက ကျူရှင်ကို ဆက်ဝင်ခဲ့သည်။ ကျူရှင်ဆရာက သူတို့နားမလည်တဲ့ အခန်းတွေကို မေးပြီးတဲ့နောက် ပြန်ပြီး ရှင်းပြပေးခဲ့သည်။ အဲ့ဒီနောက် ကိုယ်လေ့ကျင့်ချင်တာ လေ့ကျင့်ပြီး၊ ကျက်ချင်တဲ့စာရှိရင် ကျက်ပြီးတဲ့နောက် သူ့ဆီကို လာစာပြဖို့၊ စာပြိုင်ဖို့ ပြောခဲ့သည်။ လရောင် bioက စာတွေကို သေချာပြန်ကျက်ပြီး ဆရာဆီကို စာပြိုင်သည်။ ပြီးတဲ့နောက် စာအုပ်မှာလည်း အလွတ်ချရေးကြည့်သည်။ bioက အင်္ဂလိပ်လိုရေးရတာဆိုတော့ ချရေးကြည့်မှသာ တကယ်ရ၊ မရ သေချာသိသည်။

I Found Love In a Village [Completed]Where stories live. Discover now